ကင်းချောင်းတံတား

Listing Description

ရခိုင်ပြည်နယ်၊ ဇင်ချောင်း - ကင်းမြောက် - လေးတောင် လမ်းပေါ်တွင် တည်ရှိသည်။ တံတားအမျိုးအစားမှာ အပေါ်ထည် - သံမဏိသံဘောင်နှင့် သံကူကွန်ကရစ်ကြမ်းခင်း၊ အောက်ထည် - သံကူကွန်ကရစ်နှင့် အုတ်မြစ် - သံကူကွန်ကရစ်ဘိုးပိုင်ဖြစ်သည်။ တံတားအရှည်မှာ ၃၈၃ မီတာ (၁၂၅၆ ပေ) ရှိပြီး တံတားခန်းဖွင့် 28.5 m × 2 ခန်း + 73 m × 1 ခန်း + 120 m × 1 ခန်း + 73 m × 1 ခန်း + 28.5 m × 2 ခန်း ၊ ယာဉ်သွားလမ်းအကျယ် ၂၆ ပေ ၆ လက်မ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၅ ပေစီရှိသည်။ ခွင့်ပြုအလေးချိန် ယာဉ်တစ်စီးချင်း ၇၅ တန်၊ ရေလမ်းကင်းလွတ်အကျယ် ၁၁၀ မီတာ (၃၆၀ ပေ)၊ ရေလမ်းကင်းလွတ်အမြင့် ၆ မီတာ (၁၉ ပေ ၆ လက်မ)ရှိသည်။ တံတားအား ၁-၆-၂၀၁၇ ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ပြီး ၃၀-၄-၂၀၂၀ ရက်နေ့တွင် တည်ဆောက်ပြီးစီးခဲ့သည်။