ဂျိုဇော်

Listing Description

စာရေးဆရာ ဂျိုဇော်ကို ၁၉၅၇ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့၌ အဖ ဦးမြမောင်၊ အမိ ဒေါ်မြခင် တို့မှ မွေးဖွား ခဲ့သည်။ အမည်ရင်း စိုးဝင်း၊ ငယ်စဉ်က အမရပူရမြို့ အစိုးရ အထက်တန်း ကျောင်းတွင် မူလတန်းမှ တက္ကသိုလ် ဝင်တန်း အထိ ပညာ သင်ကြား ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် မန္တလေး ဆေး တက္ဗသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိ ခဲ့သည်။ ၁၉၈၅ ခုနှစ်ထုတ် သဘင် မဂ္ဂဇင်းတွင် ‘အမော ဘယ်ခါ ပြေပါ့မယ်’ ဝတ္ထုတို စတင် ဖော်ပြခြင်း ခံရသည်။ ပေဖူးလွှာ၊ မဟေသီ၊ ဟန်သစ်၊ စပယ်ဖြူ၊ ဒဂုန် မဂ္ဂဇင်း များတွင် ဝတ္ထုတို ဆရာ အဖြစ် ထင်ရှားသည်။ ၁၉၉၄ ခုနှစ်တွင် ‘အလင်းအမှောင် နှောင်ကြိုးနှင့် အခြား ဝတ္ထုတိုများ’ လုံးချင်း စာအုပ်နှင့် ၁၉၉၇ ခုနှစ်တွင် ‘နာရီထဲက သံလျှပ် များနှင့် အခြား ဝတ္ထုတိုများ’ လုံးချင်း စာအုပ် ကို၎င်း ထုတ်ဝေ ခဲ့သည်။ ဝတ္ထုတို များအပြင် ဆောင်ပါး များလည်း ရေးသားလျက် ရှိသည်။