ရှင်ပင်သာဒွန်းဦးမြတ်စွာဘုရား

Listing Description

ရှင်ပင်သာဒွန်းဦးမြတ်စွာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့၏ အထင်ကရ မြို့ကျက်သရေဆောင်ဖြစ်သော နွားထိုးကြီးမြို့ရွှေကျောင်းတိုက်အတွင်း တည်ရှိပါသည်။ နွားဓိုရ် (ယခုနွားထိုးကြီး)ဟု အမည်တွင်သော ကျေးရွာမှ နွားကျောင်းသားလေး မောင်သာဒွန်းဦး ကျောင်းသော နွားများထဲမှ နွားတစ်ကောင်သည် ဦးချိုသွေးရာမှ စေတီတော်တစ်ဆူ ပေါ်တော်မူခဲ့သည်။ အဆိုပါပေါ်တော်မူ စေတီ တစ်ဆူကို ရသေ့ရှင်နိုင်စံ၏ ဗျာဒိတ်ဖြင့် ဌာပနာပြုတည်ထား ကိုးကွယ်ခဲ့ရာမှ ရှင်ပင်သာဒွန်းဦး အမည်တွင်ခဲ့သည်ဟု ပြောစကားများအရသိရပါသည်။ ပုဂံခေတ် ကွမ်းဆော်ကြောင်ဖြူမင်းမှ စေတီတော်အား ထပ်မံပြုပြင်မွမ်းမံခဲ့ပါသည်။ စေတီတော်ကို ဘုံ ၇ ဆင့်နှင့် သစ်သားပြသာဒ်တော်ဖြင့် ငုံ၍တည်ထားခြင်းဖြစ်သည်။ စေတီတော်အား ငုံထားသော ဘုံပြသာဒ်တော်ကြီးကို သစ်သားတိုင်လုံးပေါင်း ၅၉ တိုင်ဖြင့် တည်ထားခြင်းဖြစ်သည်။ ဦးစီးပဌာန နာယကဆရာတော်အဖြစ် ဘုရားခြေရင်းတွင်ရှိသော ရွှေကျောင်းမှ ဆရာတော် အဆက်ဆက်က တာဝန်ယူ ထိန်းသိမ်းခဲ့ကြသည်။ ထို့ပြင် စေတီတော်၏ တောင်ဘက်တွင် ဗုဒ္ဓဂါယာမှ မျိုးစေ့ ယူဆောင် စိုက်ပျိုးထားသော ဗောဓိညောင်ပင် တည်ရှိပါသည်။ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ၁ ရက်နေ့မှ တန်ပို့တွဲလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။