ရွှေဒါလီဘုရား

Listing Description

ရွှေဒါလီဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ မန္တလေး - မိုးကုတ်ကားလမ်းဘေး၊ အမှတ် (၅) နယ်မြေ၏ ရန်နိုင်စိုးရပ်တွင် တည်ရှိပြီး မတ္တရာမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့်ရွှေလေးဆူဘုရားများတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ ရှေးအခါက ရှမ်းမောင်နှမလေးဦးသည် တစ်ဦးလျှင် စေတီတစ်ဆူ တည်ထားခဲ့ကြရာ ရွှေဒါလီစေတီသည် မောင်နှမလေးဦးအနက် ဒုတိယသား စောသီဟဗလ တည်ထားခဲ့သည်ဟု သိရပါသည်။ ရွှေဒါလီဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် တော်သလင်းလဆုတ် ၈ ရက်နေ့တွင် ကျင်းပပါသည်။