အင်းဝရှေးဟောင်းသုတေသနပြတိုက်

Listing Description

အင်းဝရှေးဟောင်းသုတေသနပြတိုက်သည် မန္တလေးတိုင်ဒေသကြီး ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်ရှိ အင်းဝရှေးဟောင်းမြို့အတွင်း စည်တိုပုံမြို့ရိုးအနီးတွင် တည်ရှိပါသည်။ အင်းဝရှေးဟောင်းသုတေသနပြတိုက်ကို ၁၉၉၁ ခုနှစ်တွင် မြို့နယ်အဆင့်ပြတိုက်အဖြစ် စတင်တည်ထောင်ခဲ့ပြီး စုဆောင်းရရှိထားသော ရှေးဟောင်းအမွေအနှစ်ပစ္စည်းများ တိုးပွားလာသည့်အတွက် ၁၉၉၄ ခုနှစ်တွင် အင်းဝရှေးဟောင်းသုတေသနပြတိုက်ကို မြေဧက ၁၀ ဧကရှိ မြေနေရာတွင် တိုးချဲ့ဆောက်လုပ်၍ ၁၉၉၄ ခုနှစ်တွင် ၂၀၀၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် အများပြည်သူလေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပြသခဲ့ပါသည်။ အင်းဝရှေးဟောင်းသုတေသနပြတိုက်တွင် အင်းဝမြို့ဟောင်း ပုံစံငယ်ပြခန်း၊ ဗုဒ္ဓအနုပညာပြခန်း၊ အင်းဝဒေသအတွင်းရှိ ထင်ရှားသော ရှေးဟောင်းအဆောက်အုံများ၏ ဓာတ်ပုံမှတ်တမ်းပြခန်း၊ စာပေ၊ နံရံဆေးရေးပန်းချီနှင့်ဗိသုကာအနုပညာပြခန်း၊ လူ့အသုံးအဆောင်နှင့် လက်မှုအနုပညာပြခန်းများအဖြစ် ပြခန်းငါးခန်း၊ ပြသပစ္စည်းအရေအတွက် ၄၀၆ မျိုးပြထားပါသည်။ ပြတိုက်ကို တနင်္လာနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် နံနက် (၉:၀၀)နာရီမှ ညနေ (၀၄:၃၀)နာရီအချိန်ထိ ဖွင့်လှစ်ပြသလျက်ရှိပါသည်။