နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)

Listing Description

နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)သည် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁၁၉/၁၃၁)၊ တက္ကသိုလ်ရိပ်သာလမ်းတွင် တည်ရှိပါသည်။ ၁၉၆၄ခုနှစ်၊ ဇန်နဝါရီလတွင် ရန်ကုန်နိုင်ငံခြားဘာသာသိပ္ပံအမည်ဖြင့် ပထမဆုံးတည်ထောင်ခဲ့ပါသည်။ ထိုစဉ်က ဂျပန်၊ ပြင်သစ်၊ ဂျာမန်နှင့် ရုရှားဘာသာများကို သင်ကြားပို့ချခဲ့ပါသည်။ ၁၉၆၅ခုနှစ်တွင် တရုတ်ဘာသာ၊ ၁၉၆၉ခုနှစ်တွင် အင်္ဂလိပ်ဘာသာနှင့် ၁၉၇၄ ခုနှစ်တွင် နိုင်ငံခြားသားများအတွက် မြန်မာစာတို့ကို တိုးချဲ့သင်ကြားပေးခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာသိပ္ပံမှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ အဆင့်မြှင့်တင်ခဲ့ပါသည်။ အချိန်ပြည့်ဘွဲ့သင်တန်းများ၊ အချိန်ပိုင်း ဒီပလိုမာသင်တန်းများနှင့် ညနေပိုင်းလက်မှတ်ရသင်တန်းများဖွင့်လှစ် ပို့ချလျက်ရှိပါသည်။ တရုတ်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ အီတာလျံဘာသာ၊ ဂျပန်ဘာသာ၊ ကိုရီးယားဘာသာ၊ ရုရှားဘာသာ၊ စပိန်ဘာသာ၊ ထိုင်းဘာသာနှင့် နိုင်ငံခြားသားများအတွက် မြန်မာဘာသာတို့ကို သင်ကြားပေးလျက်ရှိပါသည်။ အချိန်ပြည့်လေးနှစ်ဘွဲ့သင်တန်းပြီးဆုံးလျှင် ဝိဇ္ဖာဘွဲ့(သက်ဆိုင်ရာဘာသာ) ရရှိမည်ဖြစ်သည်။ နံနက်ပိုင်းလေးနှစ် ဘွဲ့လွန်ဒီပလိုမာသင်တန်းပြီးဆုံးလျှင် ဒီပလိုမာ(သက်ဆိုင်ရာဘာသာ) ရရှိမည်ဖြစ်သည်။ ညနေပိုင်းသင်တန်းများအတွက်မူ အောင်လက်မှတ်(သက်ဆိုင်ရာဘာသာ)များ ပေးအပ်ချီးမြှင့်ပါသည်။