နေခြည်ဦး

Listing Description

အလှအပ ဘလော့ဂါ၊ မိတ်ကပ်ပညာရှင်၊ ဖက်ရှင်မယ်၊ သရုပ်ဆောင်နှင့် စီးပွားရေးလုပ်ငန်းရှင် နေခြည်ဦးကို ၁၉၉၂ ခု၊ ဇန်နဝါရီလ ၂၅ ရက်တွင် ဗိုလ်မှူးဟောင်း စီးပွားရေးလုပ်ငန်းရှင် ဦးမျိုးမြင့်စိန်နှင့် ရုက္ခဗေဒပညာရှင် ဒေါ်သန်းသန်းဆွေတို့မှ ရန်ကုန်မြို့၌ မွေးဖွားသည်။ အမည်ရင်း ထူးပြည့်စုံမြင့် ဖြစ်ပြီး မွေးချင်းများမှာ စိမ်းလဲ့ရတနာနှင့် ရဲဝေရန်အောင်တို့ ဖြစ်သည်။

ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း၌ ပညာသင်ကာ ၂၀၁၃-ခုတွင် အဆင့်မြင့်ဂျီစီအီးနှင့် ကိန်းဘရစ်နည်းပြကောလိပ်မှ အောင်မြင်သည်။ ဘရက်ဖို့တက္ကသိုလ်မှ မှုခင်းဆေးပညာသိပ္ပံ ဘာသာကိုလည်းကောင်း၊ ထိုင်းနိုင်ငံရှိ စီးပွားရေးတက္ကသိုလ်မှ စီးပွားစီမံ မဟာဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။

ကျိုက်ထိုမြို့၌ စိမ်းလဲ့တင် အပန်းဖြေဥယျာဉ် ဖွင့်ထားသည်။

၂၀၁၈ ခု၊ နိုဝင်ဘာလ ၁၅ ရက်တွင် ၂၀၁၉ ခုအတွက် အစီအစဉ်ချစာအုပ် သင့်ဆိုရှယ်မီဒီယာသူငယ်ချင်း (Your Social Media BFF) ကို ထုတ်သည်။

အနုပညာလှုပ်ရှားမှုအနေဖြင့် “ရန်သူ၊ “ဧည့်သည်”၊ “ပုရိသ” စသော ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ထားသည်။