၂၀၂၀ ပြည့်နှစ်တွင် လူသတ်မှုအများဆုံးဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီး

Listing Description

စစ်ကိုင်း    ဇန်နဝါရီ   ၁၅

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်တွင် လူသတ်မှုအများဆုံး ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ဦးစီးအရာရှိ(ပထမတန်း)ဒုတိယရဲမှူးကြီးဘဝင်းထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ မုံရွာ၊ ယင်းမာပင်၊ တမူး၊ ကသာ၊ ကလေး၊ မော်လိုက်နှင့် ခန္တီးခရိုင်တို့တွင် ၂၀၂၀ ပြည့်နှစ်အတွင်း လူသတ်မှု ၁၃၃ မှုဖြစ်ခဲ့ကြောင်း သိရသည်။

ခရိုင် ၁၀ ခုတွင် လူသတ်မှု ၂၄ မှုဖြစ်ခဲ့သည့် ကသာခရိုင်သည် လူသတ်မှု အများဆုံးဖြစ်ခဲ့ပြီး ရွှေဘိုခရိုင်တွင် လူသတ်မှု ၂၀ ဖြင့် ဒုတိယအများဆုံးဖြစ်သည်။

“ကိုဗစ်ကာလ ရက်ရှည်နေပြီ။ မှုခင်းမဖြစ်အောင် လှည့်ပြီးစည်းရုံးပြောရ တာတွေရှိတယ်။ လူသတ်မှုဖြစ်စေတဲ့ ယစ်မျိုးတို့၊ လက်နက်ပုန်းတို့ စသဖြင့် ဖမ်းရတာတွေရှိတယ်။ ကြိုကာမှုတွေ ဖမ်းနိုင်ပေမယ့် စည်းရုံးမှုမှာ ကိုဗစ်ကာလမို့ မလုပ်နိုင်တာတစ်ပိုင်းပါတာပေါ့။ ကိုဗစ်ပြီးရင်တော့ စည်းရုံးရေး ပြန်လုပ်မယ်။ လှည့်ကင်း၊ ဝပ်ကင်း စသဖြင့် ကြိုကာမှုတွေကို ကြိုးစားဆောင်ရွက်ပါမယ်။ နည်းနိုင်သမျှနည်းအောင် လုပ်သွားပါမယ်”ဟု ဒုတိယရဲမှူးကြီးဘဝင်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရရုံးစိုက်သည့် မုံရွာမြို့ရှိရာ မုံရွာခရိုင်တွင် ၂၀၂၀ ပြည့်နှစ်အတွင်း လူသတ်မှု ၁၅ မှုရှိပြီး တတိယအများဆုံး ကလေးခရိုင် နှင့် စတုတ္ထနေရာ၌ရှိသော ကန့်ဘလူခရိုင်နောက်တွင် မုံရွာခရိုင်သည် ပဉ္စမနေရာ ၌ ရှိနေခြင်းဖြစ်သည်။

မျိုးဝင်းထွန်း(မုံရွာ)