ဒေါ်စံရှားတင်

Listing Description

အဖ ဦးချုံအမ်၊ ဒေါ်ညှာတို့မှ ၁၉၃၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး သားသမီးခုနှစ်ယောက် အနက် အငယ်ဆုံးဖြစ်သည်။ ဒေါ် စံရှားတင်၏ မွေးဖွားရာဇာတိချက်ကြွေ မွေးရပ်မြေမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့ဖြစ်ပြီး ခုနှစ်တန်းအထိ တက်ရောက်ခဲ့သည်။ ကသာခရိုင်မိုးတားကျေးရွာဇာတိဖြစ်သည်။ အငြိမ့်မင်းသမီးဘဝမှတဆင့်ရုပ်ရှင်လောကသို့ရောက်လာသူဖြစ်သည်။ ‌ဒေါ်စံရှားတင် သည် အသက် ၁၃ နှစ် အရွယ်တွင် ရွှေနန်းတင် ဇာတ်အဖွဲ့သို့လိုက်ပါခဲ့သည်။ ရွှေမန်းဦးတင်မောင်ဇာတ်နှင့် လက်တွဲခဲ့ကာ ရွှေမန်းဇာတ်အဖွဲ့၏ လက်ရုံးသဖွယ် ဖြစ်ခဲ့သည်။

၁၉၅၈  ခုနစ်တွင် ဒေါ်စံရှားတင်သည်   ရုပ်ရှင်သရုပ်ဆောင်လောကသို့ ဝင်ရောက်လာပြီး စတင်ရိုက်ကူးခဲ့သော ဇာတ်ကားများမှ  "ဆု " နှင့်  "ချစ်မုန်တိုင်း" တို့ ဖြစ်သည်။  "ဆု" ဇာတ်ကားမှာ ရိုက်ကူးသည့်ရက် ကြာရှည်သွာခြင်းကြောင့် "ချစ်မုန်တိုင်း" ဇာတ်ကားကို ဦးစွာ ရုံတင်ပြသခဲ့သည့်အတွင် ‌ဒေါ်စံရှားတင်၏ ပထမဆုံး ဇာတ်ကားမှာ "ချစ်မုန်တိုင်း"  ဖြစ်ခဲ့သည်။ ဒေါ်စံရှားတင်သည်  "ဆောင်း"  ရုပ်ရှင် ဇာတ်ကားတွင် အမျိုးသမီးဇာတ်ဆောင်ဆုအဖြစ် ပထမဆုံးအကယ်ဒမီရွှေစင်ဆုကို ၁၉၆၆ ခုနှစ်တွင်ရရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် "စိမ်းနှင့် တေဇာ "  ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့သည်။  ၁၉၆၂ ခုနစ်တွင် စံရှားတင် ပါဝင်ရိုက်ကူးခဲ့သည့် "အတွေ့"ဇာတ်ကားသည်  သည် မြန်မာရုပ်ရှင် ခေတ်ဦးပိုင်း အဖြူအမည်း ဇာတ်ကားတစ်ကား ဖြစ် ပြီး အလွန်လူကြိုက်များခဲ့ကြသည်။ အတွေ့ရုပ်ရှင်ဇာတ်ကား တွင် စံရှားတင် အကယ်ဒမီဆုနှင့် လွဲခဲ့သော်လည်း ပရိသတ်၏ တခဲနက်အားပေးမှုကို ရရှိခဲ့သည်။  ဒေါ်စံရှားတင်သည် ရုပ်ရှင် ဇာတ်ကားပေါင်း တစ်ရာကျော်နီးပါး ရိုက်ကူးခဲ့ ပြီး ထင်ရှားသော ရုပ်ရှင်ဇာတ်ကားများမှာ ဝဏ္ဏသိင်္ဂီ  ၊ ‌ဒေးစွန်ပါ၊  ဒါးရောင်လက်လက် မယ်ဘယက်၊ မောင်မောင်နဲ့ သိင်္ဂီ  ၊ ကညာပျိူနှင့် ဇရာအို၊ ကျွန်တော်နှင့် ကိုဘကျော်၊ ရွှေပင်နားတော့ရွှေကျေး၊ သမီးသမက်နှင့် ခမည်းခမက်၊ ချစ်တဲ့ရက်ကို ကြိုနေမယ်၊ သားလိမ္မာ နေကျောက်ခဲ   စသည့်ဇာတ်ကားများ  ဖြစ်သည်။ ဒေါ်စံရှားတင် သည်၁၉၈၀ ခုနစ်များမှ စတင် က အမေ  အခန်း နေရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ခဲ့ပြီး အသက် ၇၀ ကျော်သည်အထိ သရုပ်ဆောင် လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ခဲ့သည့် အပြင်  သက်ကြီးအငြိမ့် ၊ သဲသဲလှုပ် အငြိမ့် ပွဲများတွင် လည်း ကပြဖျော်‌ဖြေခဲ့သည်။  ၁၉၈၂ ခုနစ်တွင်  မင်းသားကိုဆန်းဝင်နှင့် တွဲဖက် ကပြခဲ့သော "ငွေသော်တာဆန်း" နှစ်ပါးသွားဇာတ်မှာ ထင်ရှားခဲ့သည်။ ထို့ပြင်  ၁၉၆၀ခုနှစ်တွင် တရုတ်-မြန်မာချစ်ကြည်ရေး အတွက် ‌ဖျော်ဖြေခဲ့သော ဒေါ်စံရှားတင်၏ ရွှေစွန်ညိုအက မှာလည်း ဆိုရှယ်မီဒီယာ ဖေ့ဘွတ်တွင် လူကြိုက်များ ထင်ရှားလျက်ရှိသည်။ ဒေါ်စံရှားတင်သည်မြန်မာ့ရိုးရာ ဆိုကရေးတီးပြိုင်ပွဲ  (အကပြိုင်ပွဲ)တွင် အကဲဖြတ်ဒိုင်အဖြစ်  ၁၇ နှစ်နီးပါးပါဝင်ထမ်းဆောင်ခဲ့ပြီး ၂၀၁၂ ခုနစ်တွင် စည်သူဘွဲ့ရရှိခဲ့သည်။