ဂျော့အိုဝဲလ် (George Orwell) နေအိမ်

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ ဂျော့အိုဝဲလ် (George Orwell) နေအိမ်သည် ကမ္ဘာကျော် စာရေးဆရာကြီး ဂျော့အိုဝဲလ် (George Orwell) မြန်မာပြည်တွင် နေသွားစဉ် ခေတ္တနေထိုင်ခဲ့ရာ နေအိမ်ဖြစ်သည်။ ကမ္ဘာ့စာပေသမိုင်းတွင် ထင်ရှားသည့် စာရေးဆရာကြီး ဂျော့အိုဝဲလ်၏ Burmese Days ဝတ္တုထဲမှ မြို့လေးသည် ကသာမြို့ဖြစ်ပြီး ထိုဝတ္တုထဲမှ အခင်းအကျင်းများ၊ ဇာတ်ဝင်ခန်း အိမ်၊ လမ်းများ ယခုထက်ထိ ရှိနေသည်ကို ကမ္ဘာလှည့်ခရီးသွားများက Walking To Burmese Days အဖြစ် စိတ်ဝင်တစား လာရောက်လေ့လာလေ့ ရှိကြပါသည်။