ရတနာမိုင်

Listing Description

ရတနာမိုင်ကို ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမျိုးသမီးအဆိုတော် မိုင် ၏ သမီးဖြစ်သည်။ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (လသာ) နှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ဒဂုံ) တို့တွင် ပညာသင်ကြားခဲ့သည်။

၂၀၀၆ ခုနှစ်တွင် စီးတီးအက်ဖ်အမ် ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲတွင် မိခင်ဖြစ်သူ မိုင်နှင့် သီချင်းအတူဆိုကာ အနုပညာလောကသို့ ဝင်ရောက်လာခဲ့သည်။  တေးစီးရီး ငါးခု ဖြန့်ချိခဲ့ပြီး "အလွမ်းသင့်ပန်းချီ"၊ "Good Night"၊ "သူသိစေ"၊ "ပြောသားပဲ"၊ "မမေးပါနဲ့ ရိုးရိုးလေး"၊ "လိုရာသုံး" သီချင်းများမှာ ထင်ရှားသည်။ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးခဲ့သော အနာဂတ်ရဲ့ ကြယ်ပွင့်လေးများအမည်ရှိ ရုပ်ရှင်တွင်လည်း ကျောင်းသူ ရတနာမိုင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ဗီဒီယိုဇာတ်ကားများတွင် ဆက်လက်သရုပ်ဆောင်ခဲ့သည်။

The Mask Singer Myanmar ပြိုင်ပွဲတွင် ဆယ်လီစုံထောက် တစ်ဦးအဖြစ် ထွန်းထွန်း၊ အရိုင်း၊ ခိုင်သင်းကြည် တို့နှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သည်။

Fuji Flim ၏ brand ambassador တစ်ဦးလည်းဖြစ်သည်။ 

တေးအယ်လ်ဘမ်များ

မရှိလို့မဖြစ်

ပ ဖ ဗ ဘ မ

Good Night, Lover

သူသိစေ

ပြောသားပဲ

Who are you

ရရှိသော ဆုတံဆိပ်များ

Female Singer Award of Most Requested Song (ရွှေအက်ဖ်အမ် 7th Anniversary)

Female Singer Award of Most Popular Requested Song (စီးတီးအက်ဖ်အမ် 16th Anniversary)