၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကသာမြို့နယ်၌ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေး

Listing Description

ကသာ  နိုဝင်ဘာ  ၈

မြန်မာနိုင်ငံတစ်ဝန်း ကျင်းပလျက်ရှိသော ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား စစ်ကိုင်းတိုင်းဒေသကြီး    ကသာခရိုင်   ကသာမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ယနေ့ နံနက် ၆ နာရီမှစတင်ကာ ပြည်သူများ  အေးချမ်းစွာ  ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

ကသာခရိုင်အတွင်း မဲရုံပေါင်း ၇၇၁ ရုံ၊ မဲဆန္ဒရှင်ပေါင်း ၆၃၀၀၀၀ ကျော်၊ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်ပေါင်း  ၈၄၀၀၀ ကျော်ရှိကြောင်း  သိရသည်။   ကသာမြို့နယ်၌             မဲရုံ​ပေါင်း  ၁၁၀၊  ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၄၂ အုပ်စု ရှိပြီး ဆန္ဒမဲပေးမည့်သူ  ၁၂၀၀၀၀ ကျော်ရှိသည့်အနက် အသက်(၆၀)နှင့်အထက် မဲဆန္ဒရှင် ၁၂၀၀၀ ကျော်ရှိကြောင်း သိရသည်။

ထိုသို့ဆန္ဒမဲပေးကြရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ချမှတ်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ  တိကျစွာလိုက်နာကာ  စနစ်တကျမဲပေးခဲ့ကြောင်း သိရသည်။

အေးမြသက်ထား