ကျိုင်းလပ်မြို့တွင် ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေး

Listing Description

ကျိုင်းလပ် နိုဝင်ဘာ ၉

ရှမ်းပြည်နယ်အရှေ့ပိုင်း  တာချီလိတ် ခရိုင် ကျိုင်းလပ်မြို့တွင်  ၂၀၂၀ ပြည့် နှစ်   ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို     ယမန်နေ့က ရပ်ကွက်နှင့် ကျေးရွာအုပ်စုမှ မဲရုံများ  ဖွင့်လှစ်ပြီး  ပြည်သူများ ဆန္ဒမဲပေးကြ ကြောင်း သိရသည်။

ဆန္ဒမဲ   လာရောက်ပေးရာတွင် ကိုဗစ်-၁၉  ရောဂါ  ကြိုတင်ကာကွယ် ရေးအတွက် မဲရုံအဝင်ဝ၌  ကိုယ်အပူ ချိန်တိုင်းပေးခြင်း၊  လက်သန့်ဆေးရည် များဖြင့်  လက်ဆေးခြင်း၊  နှာခေါင်း စည်း  တပ်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး  သတ်မှတ်အကွာအဝေးဖြင့်     တန်းစီ စေခြင်း (ယာပုံ) နှင့်   မဲဆန္ဒရှင်ပြည်သူ များ  စိတ်ချလုံခြုံစွာ  စနစ်တကျဆန္ဒမဲ ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ထားကြောင်း   သိရသည်။

ကျိုင်းလပ်မြို့တွင်  အထွေထွေ ရွေးကောက်ပွဲကို မဲရုံပေါင်း ငါးရုံဖြင့် ကျင်းပပြီး အမှတ် (၂၊ ၃) ရပ်ကွက်တွင် မဲဆန္ဒရှင်ပေါင်း ၂၄၅၈ ဦးရှိကြောင်း သက်ဆိုင်ရာမဲရုံမှူးထံမှ သိရသည်။

ဖြူဖြူဝင်း (ပြန်/ဆက်)