ဇွဲပြည့်

Listing Description

သရုပ်ဆောင်၊ အဆိုတော် ဇွဲပြည့်ကို ၁၉၈၈ ခု၊ နိုဝင်ဘာလ ၃၀ ရက်တွင် မန္တလေး၌ မွေးသည်။ အမည်ရင်းမှာ ဇာနည်မောင်မောင် ဖြစ်သည်။ မောင်နှမ ၅ ယောက်အနက် အငယ်ဆုံး ဖြစ်သည်။

၂၀၁၁ ခုတွင် သီချင်း စဆိုသည်။ ပထမဆုံးတေးစီးရီး အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ ကို ၂၀၁၄ ခု၊ နိုဝင်ဘာလ ၃၀ ရက်တွင် စဖြန့်သည်။ ထိုခွေနှင့်ပင် ဂီတလောက၌ နေရာတစ်ခု ရလာသည်။ ဒုတိယစီးရီး ခိုလှုံရာ ကို ၂၀၁၇ ခု၊ ဖေဖော်ဝါရီလတွင် ဖြန့်သည်။

သရဲဆိုတာ ချိုနဲ့လား သည် ခေါင်းဆောင်နေရာမှ ပါဝင်ရသော ပထမဆုံးဇာတ်ကား ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့၊ မကြီးစန်းနှင့် သူ၏ချစ်သူများ ဇာတ်ကားတို့တွင် ပါဝင်ခဲ့သည်။

၂၀၁၈ ခုတွင် ပန်းနှစ်ပွင့် စီးချင်း ရုပ်သံဇာတ်လမ်းတွဲကို ပိုင်ဖြိုးသု၊ မေဘရဏီသော်တို့နှင့် တွဲဖက်သရုပ်ဆောင်သည်။ ၂၀၁၈ ခု၊ မတ်လမှစ၍ မြန်မာအသံနှင့် ရုပ်မြင်သံကြားတွင် စလွှင့်သည်။

ပါဝင်သော ဇာတ်ကားများ

သရဲဆိုတာ ချိုနဲ့လား  ၂၀၁၆ 

အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့  ၂၀၁၇

မကြီးစန်းနှင့်သူ၏ချစ်သူများ  ၂၀၁၇

ရုပ်သံဇာတ်လမ်းတွဲများ

ပန်းနှစ်ပွင့် စီးချင်း      ၂၀၁၈           

တေးစီးရီးများ

အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့     ၂၀၁၄ 

ခိုလှုံရာ ၂၀၁၇           

အားကိုးပါ      ၂၀၁၉