အိန်ဂျယ်လမုန်

Listing Description

၁၉၉၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ယောက်တွင် အငယ်ဆုံးဖြစ်ပြီး အကိုတစ်ယောက်ရှိသည်။ “မြင့်မြတ်ပညာ” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် High School Queen Oramin-F ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမရခဲ့သည်။ ထိုနှစ် ဩဂုတ်လ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့တွင် ကျင်းပသော Misss Golden Land Myanmar တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ Miss Intercontinental Myanmar 2014 ဆုရရှိခဲ့သည်။ ဂျာမနီနိုင်ငံ Magdeburg မြို့တွင် ဒီဇင်ဘာ ၄ ရက်နေ့၌ ကျင်းပသော Miss Intercontinental 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ရာ Top 16 နေရာတွင် ရပ်တည်ခဲ့သည်။ ထို့နောက် မဂ္ဂဇင်းကာဗာဓာတ်ပုံများ၊ စီးပွားရေးကြော်ငြာများ လက်ခံရိုက်ကူးခဲ့သည်။

၂၀၁၇ ခုနှစ်တွင် “တားဆီးမရနိုင်သော” ဇာတ်ကား၌ သရုပ်ဆောင် ခါရာနှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ဗီဒီယိုဇာတ်ကားများ၊ ရုပ်ရှင်များ၊ ရုပ်သံဇာတ်လမ်းတွဲများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပါဝင်သရုပ်ဆောင်ခဲ့သောဇာတ်ကားများ

တားဆီးမရနိုင်သော (၂၀၁၇)

သမန်းကျား (၂၀၁၈)

လေဆန်ကြိုး (၂၀၁၉)

ရုပ်သံဇာတ်လမ်းတွဲ

အချစ်ဖြင့်လွမ်းစေ (၂၀၁၉)