ကာတွန်းဟန်လေး (၁၉၆၃-၂၀၂၂)

Listing Description

အမည်ရင်း လှမြင့်သိန်းဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် ဦးစိုးငြိမ်းနှင့် ဒေါ်လှယဉ်မှ ရှမ်းပြည်နယ် နောင်မွန်မြို့တွင် မွေးဖွားသည်။ အထက(၁) တောင်ကြီးတွင် အထက်တန်းပညာသင်ယူခဲ့ပြီး ရန်ကုန် ပန်းချီ ပန်းပုကျောင်းတွင် ၁၉၈၂ နှစ်မှ ၁၉၈၄ ထိ ဦးသုခ၊ ဦးဘလုံလေး၊ ဦးဘကြည်၊ ဦးကျော်လှိုင် နှင့် ဦးအမ်တင်အေး စသည့် ဆရာများထံမှ ပညာသင်ကြားခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် တောင်ကြီးမြို့တွင် ပန်းချီပညာဖြင့် အသက်မွေးခဲ့ပြီး ၁၉၈၈ ခုနှစ် ပြည်ပသို့ ထွက်ခွာခဲ့ကာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေချလျက် ကာတွန်းများ ရေးဆွဲခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လာခဲ့ပြီး အပတ်စဉ်ထုတ် ဂျာနယ်များတွင် ကာတွန်းများရေးဆွဲရင်းဖြင့် ရှမ်းပြည်နယ် ပင်လုံမြို့တွင် နေထိုင်ခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် အသဲကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။