ဦးမြင့်ဆွေ

Listing Description

ဦးမြင့်​ဆွေကို အဖ ဦးကြီးမောင်၊ အမိ ဒေါ်ကြည်တို့မှ ၁၉၅၁ ခုနှစ် ဇွန်လ ၂၄ ရက်တွင် မန္တလေးမြို့၌ ဖွားမြင်သည်။ ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှ အပတ်စဉ် ၁၅ ဖြင့် ဘွဲ့ရရှိခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ဗိုလ်မှူးချုပ်နှင့် အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ် တပ်မမှူး ဖြစ်လာခဲ့သည်။ ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အဖွဲ့ဝင်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် ခန့်အပ်ခြင်း ခံရသည်။ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ဗိုလ်ချုပ်ရာထူးဖြင့် တိုးမြှင့်ခန့်အပ်ခြင်း ခံရသည်။ သူသည် ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူခဲ့သည်။

၂၀၀၄ ခုနှစ်တွင် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဖြစ်လာခဲ့သည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် အမှတ်(၅)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ အရာရှိချုပ် ဖြစ်လာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်သို့ တိုးမြှင့်ခြင်း ခံရသည်။ ၂၀၀၉ ခုနှစ်တွင် စစ်ထောက်ချုပ်အဖြစ် ရာထူးတိုးမြှင့်ခြင်း ခံရသည်။ ၂၀၁၀ ပြည့်နှစ်တွင် စစ်ဖက်ဆိုင်ရာရာထူးမှ အနားယူခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် တပ်မတော်သား ကိုယ်စားလှယ်များက ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြု တင်မြှောက်ခဲ့သည်။ ၂၀၁၆ မတ်လ ၁၅ ရက်နေ့တွင် ၂၁၃ မဲဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ (၁) ဖြစ်လာခဲ့သည်။

၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် သမ္မတဦးထင်ကျော် နုတ်ထွက်ပြီးနောက် ယာယီသမ္မတအဖြစ် မတ်လ ၂၁ ရက်နေ့မှ မတ်လ ၃၀ ရက်နေ့အထိ ထမ်းဆောင်ခဲ့သည်။