ခိုင်သင်းကြည်

Listing Description

သရုပ်ဆောင် ခိုင်သင်းကြည်ကို ၁၉၇၂ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် ဒုတိယဗိုလ်မှူးကြီး မောင်မောင်နှင့် ဒေါ်ဝါဝါစိုးတို့က ရန်ကုန်မြို့ အမှတ် (၂) စစ်ဆေးရုံတွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ခိုင်သင်းကြည်ပင် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်၌ ပညာဆည်းပူးသင်ကြားခဲ့ပြီး သိပ္ပံ(ဓာတုဗေဒ)ဘွဲ့ ရရှိသည်။

ဒါရိုက်တာ စင်ရော်မောင်မောင်၏ "မိုးယံသို့ လွင့်ပျံစေမယ့် ကေသရာဇာတို့၏ အားမာန်" ဇာတ်ကားဖြင့် ရုပ်ရှင်လောကထဲသို့ စတင်ရောက်ရှိလာသူ ဖြစ်သည်။ သူမသည် ရုပ်ရှင်နှင့်ဗီဒီယိုကားပေါင်းများစွာ ရိုက်ကူးခဲ့ပြီး အောင်မြင်မှုပေါင်းများစွာကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

၂၀၁၃ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်သည့်အခမ်းအနားတွင် "စုန်းပြူး" ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု ရရှိခဲ့သည်။ ၂၀၁၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြင့်သည့်အခမ်းအနားတွင် "ကောင်းကျိုးကိုယ်၌တည်စေမင်း" ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ဆောင်ဆု ထပ်မံရရှိခဲ့သည်။

၂၀၀၂ ခုနှစ်တွင် ကိုခန့်နိုင်နှင့် လက်ထပ်ခဲ့ပြီး သမီးာ စံထိပ်ထားဦး ကိုမွေးဖွားခဲ့သည်။