မြတ်မွန်

Listing Description

ရန်ကုန်မြို့တွင် မွေးဖွားခဲ့ပြီး အမည်ရင်း တင်တင်အုန်းဖြစ်သည်။ ၁၉၅၈-ခုနှစ်တွင် အသက် ၁၆နှစ် အရွယ် (၇) နှစ်တန်းကျောင်းသူ ဘဝနှင့် ရုပ်ရှင်လောကထဲသို့ ဝင်ရောက် ခဲ့လေသည်။ “ကကြီးရေက” ဇာတ်ကားတွင် စတင်သရုပ်ဆောင်၍ ထိုဇာတ်ကား တစ်ကားနှင့်ပင် အောင်မြင်မှု ရရှိကာ ၁၉၅၉ ခုနှစ်တွင် အကယ်ဒမီရရှိခဲ့သည်။ ထို့နောက် “အငို လွယ်သည်၊” “ဧည့်သည်” “အကယ်၍သာ” ဆက်တိုက်ရိုက် ဖြစ်ခဲ့သည်။

အကယ်ဒမီ ရချိန်၌ ဆယ့်ခုနှစ်နှစ်သာ ရှိသေးပြီး ရုပ်ရှင်သက်တမ်းမှာ အသက်အငယ်ဆုံး ဇာတ်ဆောင်ဆုရရှိသော မင်းသမီးတစ်ဦး ဖြစ်လေသည်။

ကကြီးရေက ဇာတ်ကား ရိုက်ပြီးနောက် ဒါရိုက်တာ ဦးသာဓုနှင့် အိမ်ထောင်ကျသည်။ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ အာယုသည် ဒါရိုက်တာသာဓုနှင့် မြတ်မွန်တို့မှ မွေးဖွားခဲ့သော သားတစ်ယောက်ဖြစ်သည်။ ဦးသာဓုနှင့် ကွဲပြီးနောက် အကော်ဒီယံအုန်းကျော်နှင့် အိမ်ထောင်ပြုသည်။ ဦးအုန်းကျော်နှင့် မြတ်မွန်သည် သီသီမွန်၊ မာမာမွန်၊ သက်ငုံဖူး၊ ဇာနည်မောင်တို့ ကို မွေးဖွားခဲ့သည်။

ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားများ

ကကြီးရေက (ထွန်းဝေ)

အငိုလွယ်သည် (သာဓု. မင်းလွင်)

ဧည့်သည် (သာဓု)

အကယ်၍သာ (ကောလိပ်ဂျင်နေဝင်း)

အဖြေ (ထွန်းဝေ. ကောလိပ်ဂျင်နေဝင်း ၊ တင်တင်နွဲ့ )

ဖတ်စကလပ် (ထွန်းဝေ၊ မေနွဲ့)

ဘယ်ပန်းသာလို့ယဉ် (ကောလိပ်ဂျင်နေဝင်း)

တာဝန် (ထိန်လင်း)

သိုင်းသမား (ဇော်လွင်)

ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း (မြတ်လေး)

ပုစ္ဆာဆန်သောမိန်းကလေး (ဇော်ဝမ်း၊ အေးအေးသင်း)

ငါ့ညီ ငါ့မြေ ငါ့အမေ (ညွန့်ဝင်း)

ချစ်သူသန့်သန့်ခန့်ခန့်ချော (ဇော်ဝမ်း)

ဖန်ပြာခွက်နဲ့ကျောက်စက်ရေ (ဝင်းညွန့် ၊ တွံတေးသိန်းတန် ၊ စန္ဒာ)

ရွှေပေးလို့မရ (မောင်ယဉ်ကြည်.၊နွဲ့နွဲ့မူ)

ဇာခန်းဆီးနောက်ကွယ်မှာ (ကောလိပ်ဂျင်နေဝင်း၊ အေးအေးသင်း)

သက်ထားဆိုသော မိန်းမချော (ထွန်းဝေ)

ဝါသနာကိုမတားနဲ့ရှင် (ကျော်ဟိန်း)

ချစ်ရည်းစား (နေအောင် . မို့မို့မြင့်အောင်)

နို့ဘီလူး(လူမင်း.ဇေရဲထက်.ရွှေမှုန်ရတီ)၊