ဂျေမီ

Listing Description

ဟစ်ဟော့အဆိုတော် ဂျေမီကို ၁၉၈၅ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် အဆိုတော်များဖြစ်သည့် ဦးအောင်ကိုလတ် (James Patrick) နှင့် ဒေါ်တင်မိုးခိုင် (Marie Conway) တို့မှ ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ခန့်ဇင်ကို ဖြစ်သည်။ မီရှဲ (Michelle Anne Latt) ဟူသော အစ်မတစ်ယောက် ရှိသည်။

၁၀ တန်းအောင်ပြီးသည့် ၁၉၉၉-၂၀၀၀ ပတ်ဝန်းကျင်တွင် ရဲလင်းအောင် (Bigg-Y) အပါအဝင် အခြားသူငယ်ချင်းများနှင့် ဟစ်ဟော့သီးသန့်ဆိုရန် အားထုတ်ခဲ့သည်။ ဒေါက်တာဒရေ (Dr. Dre) ၏ ခရိုနစ် (The Chronic) စီးရီးက ဟစ်ဟော့ဆိုဖြစ်ရန် အဓိကအားဖြစ်သည်ဟု ဆိုသည်။

၂၀၀၃ ခုနှစ်အထိ မြေအောက်လောကဟု ဆိုရမည့် လမ်းများ၊ ပန်းခြံများရှိ ရက်ပ်ဆိုပွဲများသို့ တက်ရောက်ခဲ့သည်။ ရဲလေးနှင့် တွဲထွက်သည့်အခွေတွင် လူသိများလာခဲ့သည်။

Zara Hnin Thwin အားဖြည့်ဆိုသည့် သူ၏သီချင်း "အောင်နိုင်ဖို့ရာ မွေးလာတာ" (Born to Win) ကို မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၃ အရှ့တောင်အာရှ အားကစားပွဲများတွင် ဂုဏ်ပြုသီချင်းအဖြစ် ရွေးချယ်ခံရသည်။ နိုင်ငံအဆင့် အခမ်းအနားများတွင် ပထမဆုံး ရွေးချယ်ခံရသော ဟစ်ဟော့သီချင်း ဖြစ်သည်။

ဘဝရဲ့ နိဗ္ဗာန် တေးစီးရီးမှ Burn 'em Up ကို အမေရိကန်နှင့် ထိုင်းရှိ Rapper များကပင် အသိအမှတ် ပြုကြသည်။ ၂၀၁၄ တွင် ထွက်သည့် ဟာလေလုယာ (Hallelujah) သီချင်းမှာလည်း ကျော်ကြားသည်။

၂၀၁၁ ခု၊ စက်တင်ဘာလ ၇ ရက်တွင် ဂျန်မောမေရီ (Jungmaw Mary) နှင့်လက်ထပ်သည်။ သားသမီး ၂ ဦး ရှိသည်။

တေးစီးရီးများ

ရဲလေး - ဂျေမီ ၂၀၀၇ 

ကိုယ့်ဘဝနဲ့ ကိုယ်      ၂၀၀၇           

ဘဝရဲ့ နိဗ္ဗာန်  ၂၀၁၂  

အမွေစား အမွေခံ      ၂၀၁၆