နန်းသူဇာ

Listing Description

၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ယောက်အနက် အကြီးဆုံးသမီးဖြစ်ပြီး မောင်တစ်ယောက်ရှိသည်။ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း၊ ကမာရွတ်တွင် ပညာသင်ကြားခဲ့ပြီး ဒဂုံတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာ ဖြင့် ဘွဲ့ရခဲ့သည်။

၂၀၀၉ ခုနှစ်တွင် Step Fashion Girl 2009 ဆုရရှိပြီးနောက် မော်ဒယ်လောကသို့ စတင်ဝင်ရောက်ခဲ့သည်။ Doaru၊ Gold Roast နှင့် Sunday Coffee စသည်တို့အပါအဝင် ကြော်ငြာ ၃၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ “လာရာလမ်းလေး” သီချင်းဖြင့် Shwe FM 3rd Anniversary အဖွဲ့အယ်လ်ဘမ်တွင် ပါဝင်သီဆိုခဲ့ပြီး ထိုသီချင်းမှာ ပရိသတ်များအကြား အလွန်ရေပန်းစားခဲ့သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် နန်းမြတ်ဖြိုးသင်းနှင့် နှစ်ယောက်တွဲ အယ်လ်ဘမ်ဖြစ်သည့် “Friends” အယ်လ်ဘမ် ထွက်ရှိခဲ့သည်။

ထို့နောက် ခရီးသွားမှတ်တမ်းရုပ်ရှင် “Let’s Go” လွှမ်းပိုင် ၊ ကျော်ထွဋ်ဆွေ၊ ဘန်နီဖြိုး၊ နန်းမြတ်ဖြိုးသင်း ၊ Bobby Soxer တို့နှင့်အတူ ပါဝင် သရုပ်ဆောင်ခဲ့သည်။

ပါဝင်သီဆိုခဲ့သောအယ်လ်ဘမ်များ

ရပ်ကွက်ထဲကအရူး

Shwe FM 3rd Anniversary Album

Shwe FM 6th Anniversary Album

Bo Bo 5th Anniversary Album

Bo Bo Music Thingyan Album