နွယ်ဒါလီထွန်း

Listing Description

၁၉၈၇ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် အဖ ဦးထွန်းအိနှင့် ဒေါ်နွေးနွေးထွန်းတို့မှ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်းလေးယောက်အနက် အငယ်ဆုံးသမီးဖြစ်ပြီး အစ်မ သုံးယောက်ရှိသည်။ ဒဂုံတက္ကသိုလ်မှ B.Sc (သင်္ချာ) နှင့် ဖိလစ်ပိုင်နိုင်ငံ Aldersgate College မှ Master of Business Administrations ဘွဲ့များ ရရှိခဲ့သည် ။

၂၀၁၂ ခုနှစ်တွင် Queen Oramin F အလှမယ်ပြိုင်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုရရှိခဲ့သည်။ ထို့နောက် တီဗီကြော်ငြာများ၊ မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် “ကဝေချိုးတဲ့ဖဲ” ဇာတ်ကား၌ သရုပ်ဆောင် ဇေရဲထက်နှင့်တွဲဖက်၍ ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ခရမ်းရောင်ဆက်သွယ်မှု၊ လူဆိုးလေးများ၊ ပက်ပက်စက်စက်အမုန်း၊ စိတ်ရဲ့အငြိ၊ ကြယ်ကလေးရဲ့ကောင်းကင် စသည့်ဇာတ်ကားများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၇ ခုနှစ်မှတွင် MNTV ရုပ်သံလိုင်းမှ ထုတ်လွှင့်ခဲ့သော “Ghost Hunter” ရုပ်သံဇာတ်လမ်းတွဲတွင် ကျော်ကျော်ဗို၊ မြတ်သူကျော်၊ နန်းဆုရတီစိုးတို့နှင့်အတူ ပထမဆုံး ပွဲဦးထွက် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် “မင်္ဂလာရှိတဲ့အရပ်”၊ “ဆေးရုံမှတ်တမ်း”နှင့် ၂၀၁၉ ခုနှစ်တွင် “အသဲကွဲသာဓု” စသည့် ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။