စည်းခုံကြီးဘုရား

Listing Description

မုံရွာမြို့တောင်ဘက် ၉ မိုင်ခန့်အကွာ မုံရွာ-မန္တလေးကားလမ်းနှင့် မီးရထားလမ်းအကြား၊ မုံရွေးကျေးရွာအုပ်စု ရှစ်ဆယ်ရွာတွင် တည်ရှိပါသည်။ ကောဇာသက္ကရာဇ် ၁၁၈၀ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့တွင် ဘကြီးတော်(စစ်ကိုင်းမင်း)၏ မင်းကြီးမဟာသက်တော်ရှည်အမတ်ကြီးက တည်ထားကိုးကွယ်ခဲ့ပါသည်။ စေတီတော်ကြီး တွင် အချင်း ၁၀ တောင်ရှိသော ထီးတော်ကြီးကို တင်လှူခဲ့ပါသည်။ စေတီတော်သည် ဉာဏ်တော်အတောင် ၅၀ ကျော် မြင့်မားပြီး အရှေ့၊ အနောက် နှင့်မြောက်အရပ်တို့တွင် ပြဿဒ်စေတီများ တည်ထားသည်မှာ အမတ်ကြီး၏ သားသုံးယောက်အတွက် ကုသိုလ်ပြုထားခြင်းဟု ခန့်မှန်းရပါသည်။ စေတီတော်၏ တောင်ဘက်အရပ် တစ်ခုတည်းတွင်သာ ပြဿဒ်စေတီမပါဘဲ ရှိနေပါသည်။ ပြဿဒ်စေတီတို့၏ လှိုဏ်မုခ်အတွင်းတွင် စကျင်ကျောက်ဖြင့် ထုဆစ်သော ရုပ်ပွားတော်သုံးဆူကို ဖူးမြင်နိုင်ပါသည်။