မိုးညှင်းသမ္ဗုဒ္ဓေစေတီ

Listing Description

မိုးညှင်းသမ္ဗုဒ္ဓေစေတီတော်ကြီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာမြို့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ မိုးညှင်းတောရတိုက်အတွင်း တည်ရှိပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း ကာလ မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်တွင် မိုးညှင်းဆရာတော်ဘုရားကြီး စတင်တည်ထား ကိုးကွယ်ခဲ့သည်။ စေတီတော်ကြီး၏ ဖိနပ်တော်မှာ စတုရန်းဖြစ်၍အလျား ၁၁၁ တောင်နှင့်အနံ ၁၁၁ တောင်စီရှိရာ အလယ်ဗဟိုတွင်ဉာဏ်တော် ၈၈ တောင်ရှိရွှေရောင်ဝင်းသော သမ္ဗုဒ္ဓေမဏ္ဍိုင်စေတီတော်ကို တည်ထားသည်။ သမ္ဗုဒ္ဓေစေတီနှင့် စောင်းတန်းအာရုံခံအတွင်းတို့၌ တောင်ပြည့်ထိုင်တော်မူ ၆၈ ဆူနှင့်ရပ်တော်မူ ၂၉၆ ဆူရှိသည်။ ဘေးကင်းရန် ဝိသေသစုစုဘုရားတို့ကား စေတီတော်ဘက်၌အဆူ ၅ဝဝ၊ အာရုံခံဘက်၌ ၇၅၆ဆူ၊ နှင့်စောင်းတန်းဘက်၌ ၄၃၈ဆူ၊ ပေါင်း ၁၆၉၄ ဆူရှိသည်။ သမ္ဗုဒ္ဓေစေတီဘက်၌ စေတီတော်ကြီးငယ်ပေါင်း ၄၇၁ ဆူနှင့် စောင်းတန်းတော်အာရုံခံဘက်၌ ၃၉၃ ဆူရှိရာ စေတီတော်ကြီးကို အဝေးကနေဖူးလျှင် စေတီရံပေါင်း ၈၆၄ ဆူနှင့်တကွအလွန်ပနံရသော သမ္ဗုဒ္ဓေစေတီတော်ကြီးကို စောင်းတန်းအာရုံခံကြီးများနှင့်အတူး တွေ့မြင်ရသည်။ ဗိသုကာလက်ရာမြောက်သော စေတီအဖြစ်လည်း ကျော်ကြားပါသည်။