မုံရွာမြို့ ကန်သာယာ ပိုမိုသာယာလှပစေရန် ချင်းတွင်းမြစ်အတွင်းမှ ရေများထပ်မံဖြည့်သွင်း

Listing Description

မုံရွာ နိုဝင်ဘာ ၁

မုံရွာမြို့ ကန်သာယာ ပိုမိုသာယာလှပစေရန်အောက်တိုဘာ ၂၈ ရက်က ချင်းတွင်းမြစ်အတွင်းမှ ရေများ ထပ်မံ ဖြည့်သွင်း ခဲ့ကြောင်း သိရသည်။

မုံရွာမြို့ မြို့မိမြို့ဖ ဦးမျိုးဝင်း ဦးဆောင်၍ မုံရွာမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးသင်းအဖွဲ့များ၊ စည်ပင်သာယာအဖွဲ့များက စက်ယန္တရားများဖြင့် ရေသွင်း မြောင်း၊ ရေတံခါးရှိအမှိုက်နှင့် မြေများ ရှင်းလင်းခဲ့ကာ ရေသွင်းခဲ့ကြခြင်းဖြစ်သည်။

ကန်သာယာ ရေထု လေးပေ နှစ်လက်မမှ ပိတ်နေသော ရေကာတာအတွင်းရှိ အမှိုက်များ၊ ရေကာတာ ဂိတ်တံခါးများကို သန့်ရှင်းဖယ်ရှား၍ ရေစတင်သွင်းခဲ့ရာ အောက်တိုဘာ ၃၁ ရက် နံနက် ၈နာရီတွင် ကန်သာယာ ရေထုသည် ငါးပေ ခုနစ်လက်မအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းထွန်း(မုံရွာ)