ရွှေတောင်ဦးဘုရား

Listing Description

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့မှ ၂၄ မိုင်ခန့်အကွာ၊ ပခန်းငယ်ကျေးရွာတွင် တည်ရှိပါသည်။ သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် ပုဂံငယ်မြို့သူကြီး သီရိဇေတဗိုလ်က တည်ထားကိုးကွယ်ခဲ့သည်ဟု မင်စာမှတ်တမ်းအရ သိရပါသည်။ ထိုမင်စာ မှတ်တမ်းအရ ပခန်းငယ်သည် တစ်ချိန်က ပုဂံငယ် ဟုခေါ်တွင်ကြောင်း သိရပါသည်။ လိုဏ်ခံစေတီအမျိုးအစားဖြစ်ပြီး စေတီတော်၏ ထောင့်လေးထောင့်တွင် ခြင်္သေ့လေးကောင် ရုပ်တုနှင့် အရံစေတီ လေးဆူ ခြံရံလျက်ရှိသည်။