တဘက်ကျဘုရား

Listing Description

တဘက်ကျဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ပုဂံပိဋကတ်တိုက်အနီး၊ ရွှေဂူကြီးဘုရားနှင့် သံတော်ကြားဘုရား၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ တဘက်ကျဘုရားဘွဲ့အမည်မှာ စုက္ကတေးမင်းနှင့် အနော်ရထာ စီးချင်းထိုးကြသည့်အကြောင်းအရာဖြင့် ဆက်စပ်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ အနော်ရထာမင်းကြီး၏မယ်တော်သည် သားဖြစ်သူအနော်ရထာနှင့် လင်ဖြစ်သူစုက္ကတေးမင်းတို့နှစ်ဦး စီးချင်းထိုးကြောင်းကြားသိရသဖြင့် စိုးရိမ်ပူပန်ကာ အလျင်စလိုပြေးလာရာမှ ယခုတဘက်ကျဘုရားတည်နေရာအရောက်တွင် အနော်ရထာမင်းမယ်တော်၏ တဘက်(ပဝါ) ပြုတ်ကျကျန်ရစ်ခဲ့သည့်နေရာ၌ အနော်ရထာမင်းက တဘက်ကျဘုရားကို အထိမ်းအမှတ် တည်ထားခဲ့ကြောင်း အဆိုရှိပါသည်။ တဘက်ကျဘုရားသည် ပစ္စယာသုံးဆင့်ဖြင့် မြေစိုက်စေတီလတ်တစ်ဆူဖြစ်ပြီး ၂၀၁၆ ခုနှစ် ပုဂံငလျင်ကြောင့် စေတီအထွဋ်ပြိုကျခဲ့ပျက်စီးခဲ့ပါသည်။ တဘက်ကျဘုရားကို ရွှေရင်ကျွတ်ဘုရား၊ ရင်ဝတ်ကျွတ်ဘုရား ဟုလည်း ဘွဲ့မည်မူကွဲခေါ်ဝေါ်ကြပါသည်။