တန်ဆောင်းဂူအိမ်ရာကျောင်းဘုရား

Listing Description

တန်ဆောင်းဂူအိမ်ရာကျောင်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ငါးမျက်နှာအိမ်ရာကျောင်းဘုရား၏ အရှေ့မြောက်ယွန်း ထီးလိုမင်းလိုဘုရား မြောက်ဘက်၊ မြစည်းခုံကျောင်းသွားလမ်း အနောက်ဘက်ကုန်းပေါ်တွင် တည်ရှိပါသည်။ နားတောင်းများမင်းကြီး၏ သားတော် ကင်္ကသူမင်းသား၏ဇနီးက ကင်္ကသူမင်းသား အနိစ္စရောက်၍ အိမ်ရာကျောင်းငါးမျက်နှာဘုရားတည်ထားခဲ့ရာ ကင်္ကသူမယား၏အမိအိုထက်ပြည့်သင်ကလည်း တန်ဆောင်းဂူအိမ်ရာကျောင်းနေရာတွင် တန်ဆောင်းဂူအိမ်ရာကျောင်းဘွဲ့အမည်နှင့် ဘုရားတည်ထားခဲ့ပါသည်။ တန်ဆောင်းဂူအိမ်ရာကျောင်းဘုရားသည် စေတီပေါက် လေးမျက်နှာဂူဘုရားဖြစ်ပြီး အယ်မဏ္ဍိုင်အား ကျောမှီပြု သံဝေဇနိယလေးဌာန ဖွား၊ ပွင့်၊ ဟော၊ စံ ရုပ်ပွားတော်များကို ထုလုပ်ကိုးကွယ် ပူဇော်ထားရှိပါသည်။ ထိုဘုရားအပါအဝင် သံဝေဇနိယ လေးဌာနပူဇော်မှုမျိုးကို ပုဂံတွင် ဘုရားခုနစ်ဆူခန့်သာ တွေ့ရပါသည်။