ကျောင်းသား၉၀၀နီးပါးတပြိုက်နက် ပညာသင်ကြားနိုင်မည့် ဒလမြို့နယ်က စက်မှု၊လက်မှုသိပ္ပံကျောင်း

Listing Description

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒလမြို့နယ်၌ တစ်နှစ်လျှင် အင်ဂျင်နီယာ (၃၀၀)ဦး မွေးထုတ်ပေးနိုင်မည့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းကို တည်ဆောက်လျက် ရှိသည်။ အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို ဒလမြို့နယ်၊ သပြေကုန်း ကျေးရွာအနီး (၁၁/၁၄)ရပ်ကွက် မြေအကျယ် (၂၈.၅) ဧကတွင် ဆောက်လုပ်ရေးကုမ္ပဏီ (၁၀) ခုမှ ဆောက်လုပ်ရေး လုပ်ငန်းပေါင်း (၁၅) ခုကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါ ကျောင်းသည် ၃ ထပ်ဆောင် အဆောက်အဦဖြင့် စတင်အကောင်အထည်ဖော်နေပြီး ပထမနှစ်တွင် ဆယ်တန်းအောင် ကျောင်းသား ၃၀၀ စတင် စာသင်ကြားနိုင်မည်ဖြစ်ကာ ဒုတိယနှစ်၊ တတိယနှစ် ကျောင်းသားများအပါ ၉၀၀ တပြိုင်နက် လက်ခံသင်ကြားပေးရန် စီစဉ်ထားကြောင်း သိရသည်။ အစိုးရစက်မှုလက်မူသိပ္ပံကျောင်း တည်ဆောက်ခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် သန်းပေါင်း (၄၀၀၀) ကျော် ခွင့်ပြုထားပြီး၊ နှစ်အလိုက်ရရှိသည့် ဘတ်ဂျက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်သည်။