တွံတေးတံတား

Listing Description

တွံတေးတံတားသည် ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို့နယ်နှင့် ဒလမြို့နယ်သို့ ဆက်သွယ်ထားသည့် တွံတေးတူးမြောင်းကူး တံတားတစ်စင်းဖြစ်သည်။ အဆိုပါတံတားကို ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတား တည်ဆောက်ရေးအဖွဲ့ (၁) မှတာဝန်ယူ တည်ဆောက်ခဲ့ပါသည်။ တံတားအမျိုးအစားမှာ သံမဏိ သံပေါင်တံတား၊ နှစ်လမ်း သွားဖြစ်ပြီး တံတား အရှည် ၇၇၅ မီတာ၊ အကျယ် ၁၀ မီတာ၊ ချဉ်းကပ် လမ်းအပါအဝင် စုစုပေါင်း အရှည် ၂,၅၄၂ ပေ ရှိပြီး တံတားတည်ဆောက်မှု ကုန်ကျစရိတ်မှာ စုစုပေါင်း ငွေကျပ် ၂၅ ဘီလီယံ ဖြစ်ပါသည်။