ရွှေဆံတော်ဘုရား

Listing Description

ရွှေဆံတော်ဘုရားသည် တောင်ငူမြို့၏ မြို့လယ်ခေါင်တွင်တည်ရှိပါသည်။ ဘုရင့်နောင်မင်းတရားကြီး၏ ညီတော် တောင်ငူမင်းသီဟသူရ မဟာဓမ္မရာဇာဘွဲ့ခံ ဘုရင်မင်းခေါင်သည် သက္ကရာဇ် ၉၃၂ ခုနှစ် တပေါင်းလပြည့်နေ့တွင် အုတ်မြစ်ချတည်တော်မူ၍ သက္ကရာဇ် ၉၃၅ ခုနှစ် တပေါင်းလပြည့်နေ့တွင်  ထီးတော်တင်ခဲ့သည်။ ဘုရင့်နောင်အား သက္ကရာဇ် ၉၃၀ ပြည့်နှစ်တွင် သိန်းဃိုဠ်မင်း ဆက်သက်သော ဆံတော်ရှစ်ဆူအနက် ညီတော် ဘုရင်မင်းခေါင်အား တစ်ဆူပေးခဲ့ရာ ဘုရင်မင်းခေါင်မှ မိမိရရှိသော ဆံတော်မြတ်ကို ဌာပနာ၍ တည်ထားခဲ့ခြင်း ဖြစ်သည်ဟု အဆိုရှိပါသည်။ ဆံတော်ရှင်ဘုရား၏ လုံးတော်မှာ သံတောင် ၁၂ဝ မြင့်ပါသည်။ သံတောင်ကိုးတောင်ရှိ စေတီရံ ၂ဝ ရှိသည်။ အောက်ပန်းတင်ခုံအရှေ့မှ အနောက်သို့ တာပေါင်း ၄ဝ၊ တောင်မှမြောက်သို့ တာပေါင်း ၄ဝ စီ ရှိပါသည်။