ကျုံးတောင်စေတီ

Listing Description

ကျုံးတောင်ဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၏တောင်ဘက်အနီး၊ ကျုံးတောင် (တောင်ပေါ်ကျောင်း)တွင် တည်ရှိသည့် ရှေးဟောင်းသမိုင်းဝင် စေတီတော်တစ်ဆူဖြစ်ပါသည်။ သမိုင်းရာဇဝင်အဆိုအရ ဘုရားရှင် ရှင်တစ်ထောင်ချွတ်ရန် ကြွတော်မူစဉ် ဇလုံတောင်မှ နတ်နဂါးက ဆွမ်းကပ်ပူဇော်သည်။ ထိုစဉ် ယခု ကျုံးတောင်ပေါ်မှ နတ်နဂါးက မျှော်ကြည့်နေသဖြင့် နဂါးမျှော်တောင်ဟု ခေါ်တွင်ခဲ့ကြသည်။ သာသနာနှစ် ၃၀၃ တွင် ရာရူကြစ်စော်ဘွားကတော်က နဂါးမျှော်တောင်တွင် ဘုရားဓာတ်တော်များကို ဌာပနာ၍ စေတီတည်ထားကိုးကွယ်ခဲ့သည်။ မံလေးမံရွာတွင်တည်သောဘုရားများထက် ၃ နှစ်ဦးသည်ဟု ဆိုပါသည်။ သာသနာနှစ် ၃၀၆ ခုနှစ်၌ မံစီလေး (ပင်လည်ဘူးမြို့နယ်) မံယူးကြီး ၊မံဝိန်း၊ နတ်မံကုန်း(နတ်မွန်ကုန်း)ရွာများတွင် တည်ထားခဲ့သော ရှေးဘုရားများကို ဖူးတွေ့ရပါသည်။ နယ်ချဲ့တို့ကိုတွန်းလှန်သော ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်က နဂါးမျှော်တောင်တွင်တပ်စွဲပြီး တိုက်ခိုက်သောကြောင့် ကျုံးတောင်ဟု အမည်ပြောင်းလဲခေါ်တွင်ခဲ့ပါသည်။ ကျုံးတောင်ပေါ်မှ ဗန်းမောက်မြို့၏ ရှုခင်းအလှအပများကို ရင်သပ်ရှုမောဖွယ်ရာ တွေ့မြင်နိုင်ပြီး တောင်ခပန်းတစ်နေရာတွင် ကျောက်ဂူငယ်တစ်ခုရှိပြီး ကျောက်မြွေ၊ ကျောက်ဖား၊ ကျောက်နဂါးတို့ကိုလည်း တွေ့မြင်နိုင်ပါသည်။