ပြည်ကျောင်း

Listing Description

တောင်ငူမြို့ ရွှေဆံတော်ဘုရား မြောက်ဘက်စောင်းတန်း၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ ၁၉၀၀ ပြည့်နှစ်ဝန်းကျင်ခန့်တွင် မြေပိုင်ရှင်သူဌေးကြီး ဦးထွန်းက ဆောက်လုပ်လှူဒါန်းခဲ့ပြီး နှစ်ထပ်အုတ်ကျောင်းကြီးဖြစ်ပါသည်။ ထိုစဉ်က ရွှေဆံတော်ဘုရားဝန်းကျင်တွင် လှပထည်ဝါသည့် ကျောင်းတိုက်ကြီးများ ဝန်းရံလျက်ရှိကာ ဒုတိယကမ္ဘာစစ်အတွင်း မီးရှို့ခံရသဖြင့် ဘုန်းကြီးကျောင်းများ အများအပြား ပျက်စီးခဲ့ရပြီး ပြည်ကျောင်းမှာမူ အုတ်နံရံများ ထူသောကြောင့် မပျက်စီးဘဲ ကျန်ရစ်ပါသည်။