ရွှေချက်သိုစေတီ

Listing Description

ရွှေချက်သိုစေတီသည် စစ်ကိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ ရွှေဘုံရတနာမင်္ဂလာနန်းတော်၏ မြောက်ဖက်တွင် တည်ရှိပြီး အလောင်မင်းတရားကြီး၏ ဇာတိချက်ကြွေမွေးရပ်မြေ၏ အထိမ်းအမှတ်အဖြစ်  မြန်မာသက္ကရာဇ် ၁၁၁၅ခုနှစ် တွင် ရတနာသိင်္ဃမြို့တော်နှင့် အတူ ခုနှစ်ဌာနတစ်ပြိုင်တည်း တည်ဆောက်ခဲ့သောအရာများထဲမှ တစ်ခုဖြစ်သည်။ ဉာဏ်တော်အမြင့်ပေ ၆၉တောင်ရှိ၍ ထိုခေတ်အခါက ဉာဏ်တော်အမြင့်ဆုံး စေတီတစ်ဆူဖြစ်သည်။ စေတီ၏ အရှေ့တောင်ဘက်တွင် ပဟိုရ်ခေါင်းလောင်းကြီးလည်း တည်ရှိပြီး ယင်းခေါင်းလောင်း၏ အတိုင်းအတာမှာ အစောက် ၃ပေ၊ ၃လက်မ ၊ လုံးပတ်၆ပေ နှင့် ၁၁လက်မ၊ ထု ၃လက်မတိတိရှိပါသည်။