ဧရာဝတီတံတား (ရတနာသိင်္ခ)

Listing Description

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့အနီး နွယ်ငြိမ်းကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းခရိုင် စဉ့်ကူးမြို့ကို ဆက်သွယ်ပေးထားသည့် ဧရာဝတီမြစ်ကူးတံတားကြီး ဖြစ်သည်။ ၂ဝ၁ဝ ပြည့်နှစ် ဧပြီ ၁၆ ရက်နေ့တွင် စတင်၍ ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင် ၂၄ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ တံတားကြီးမှာ နှစ်လမ်းသွား ကားလမ်းတံတား ဖြစ်ပြီး တံတားပေါ်တွင် အကျယ် ၂၈ ပေရှိ နှစ်လမ်းသွား ကားလမ်းနှင့် တစ်ဖက်လျှင် သုံးပေစီရှိသည့် လူသွားလမ်းများ ပါသည်။ ပင်မတံတားအရှည် ၂၂၁၈ ပေ၊ ရွှေဘိုဘက်ကမ်း ချဉ်းကပ်တံတားအရှည် ၆၆ ပေနှင့် စဉ့်ကူးဘက်ခြမ်း ချဉ်းကပ်တံတား အရှည် ၁၉၆ ပေရှိပြီး စုစုပေါင်းတံတားအရှည်မှာ ပေ ၂၄၈ဝ ရှိသည်။ တံတားအောက် ရေလမ်းကင်းလွတ်နယ်မြေမှာ အကျယ်ပေ ၃၂ဝ နှင့် အမြင့် ၄၇ ပေ ရှိပြီး တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း ၇၅ တန် ဖြစ်သည်။ တံတားအောက်ထည်မှာ ၁ ဒသမ ၅ မီတာအချင်းရှိ သံကူကွန်ကရစ် လွန်တူးပိုင်တိုင်အုတ်မြစ်နှင့် သံကူကွန်ကရစ်တိုင် ကိုယ်ထည်အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်မှာ သံမဏိ သံပေါင်နှင့် သံကူကွန်ကရစ် ကြမ်းခင်းဖြစ်သည်။

#ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃတံတား)