ဘာမထီခင်အောင်(ရွှေဘို)

Listing Description

ရွှေဘိုဘာမထီခင်အောင်ကို ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ရွှေဘိုမြို့၌ အဖ ဦးဖေခင် (အငြိမ်းစားရဲဝန်) (ခုံသမာဓိမြို့ဝန်)၊ အမိ ဒေါ်သန်းမေတို့က ဖွားမြင်ခဲ့သည်။ ဒသမတန်း အထိ ပညာ သင်ကြားခဲ့သည်။

၁၉၆ဝ ပြည့်နှစ်၊ နိုဝင်ဘာ ၂၈ ရက်နေ့ထုတ် ဗဟိုစည် သတင်းစာတွင် တရာခံ ဘယ်သူလဲ ခေါင်းစဉ်ဖြင့် ပါတော်မူနေ့ ဆောင်းပါး ဖော်ပြခံခဲ့ရာမှ စာပေနယ်သို့ ခြေချခဲ့သည်။

၁၉၆၂-၆၃ ခုနှစ်တွင် လုံးချင်း အချစ်ရသဝတ္ထု သုံးပုဒ်၊ ၁၉၆ဝ မှ ၁၉၉၇ ခုနှစ်အထိ ဆောင်းပါးပေါင်းစုံ ၈၀ဝ ခန့် ရေးသားခဲ့သည်။ ဝတ္ထုတိုပေါင်း ၁၉ဝ မျှ ရေးသားခဲ့ပြီး ဇာတ်ညွှန်း၊ ရေဒီယို ဇာတ်လမ်းဟာသ ရှစ်ပုဒ် ရေးသား ထုတ်လွှင့်ခဲ့သည်။

၁၉၅၁ ခုနှစ်မှ ၁၉၆၅ ခုနှစ်အထိ ၁၅ နှစ်ကြာ လက်ဝှေ့ထိုးခဲ့ရာ ပွဲပေါင်း ၇၄ ပွဲအနက် ၆၃ ပွဲ အနိုင် ရရှိခဲ့သည်။ ချန်ပီယံဘွဲ့ ၁၃ ဘွဲ့ ဆွတ်ခူး ရရှိခဲ့သည်။

သဲအိတ်ကြီး ၆၂ အိတ်ကို ဗလာလက်သီးဖြင့် ထိုးခဲ့သည့် စံချန်ကို မြန်မာနိုင်ငံတွင် တဦးတည်း စံချိန် တင်ထားသည်။ အမျိုးသမီး လက်ဝှေ့သမားများ မွေး၍ ပွဲထုတ်မှုကိုလည်း မြန်မာနိုင်ငံတွင် ရွှေဘိုမြို့ တမြို့တည်း၌ လွန်ခဲ့သော ၃၅ နှစ် ကတည်းက စတင်ခဲ့သည်။

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

၁။ ပြည်တွင်းအားနှင့်အတူ လက်ရွေးစင် ဆောင်းပါးများ ၂၀၀၀

၂။ လက်ဝှေ့ကြိုးဝိုင်းအတွင်းမှ သခင်မျိုးဟေ့ ဒို့ဗမာ ၂၀၀၁

၃။ ကမ္ဘာ့လက်ဝှေ့လောကမှ သုတအဖြာဖြာ ၂၀၀၄