ရွှေတန်ဆာစေတီ

Listing Description

ရွှေဘိုမြို့ရှိ ရွှေတန်ဆာဘုရားသည် ဆင်းတုတော်ကိန်းဝပ်စံပယ်ရာ လိုဏ်ဂူတော်နှင့်တကွ တည်ဆောက်ထားသော ဂူပုထိုးဖြစ်ပါသည်။ အောက်ခြေတွင် လေးထောင့်သဏ္ဌာန် ကုလားကျောင်းခံပြီး စေတီထပ်ဆင့်တည်ထားခြင်းဖြစ်၍ ဖိနပ်တော်မှ ထီးချရားသီးအထိ ဉာဏ်တော်မှာ ၄၂တောင် မြင့်ပါသည်။ ဘုရားဒါယကာမှာ အလောင်းစည်သူမင်းဖြစ်ပါသည်။ ရွှေတန်ဆာဗုဒ္ဓရုပ်ပွားတော်မှာ ဉာဏ်တော်မှာ နှစ်ထောင့်တစ်ထွာရှိပါသည်။