စကျင်ရွာ

Listing Description

စကျင်ရွာသည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင် တည်ရှိသော စကျင်ကျောက်တောင်ကြီးများရှိသည့် ကျေးရွာဖြစ်သည်။ ပန်းတမော့ ကျောက်ဆစ်လုပ်ငန်း၏ အဓိက စကျင်ကျောက် ကုန်ကြမ်းကို မတ္တရာမြို့နယ်၊ စကျင်ဒေသရှိ ကံမတောင်၊ ရသေ့တောင်၊ ရွှေဆံတော်ရှင်တောင်၊ ကျောင်းတော်တောင်၊ ဂဲတောင်၊ မြိုင်တောင်၊ မိကျောင်းတောင်၊ ရေချမ်းတောင်၊ ဆီးဖြူတောင်တို့မှ ထုတ်ယူကာ ယင်းတောင် ၉ လုံးအနက် ရွှေဆံတော်ရှင်တောင်ကို သာသနာ့နယ်မြေ သတ်မှတ်ထားသည်။ စကျင်ကျေးရွာရှိ လူဦးရေအကုန်နီးပါး ထိုစကျင်ကျောက်များဖြင့် ဘုရားဆင်းတုတော်အရွယ်အစားမျိုးစုံကို ကျွမ်းကျွမ်းကျင်ကျင် ထုလုပ်ရောင်းချကြသဖြင့် တစ်ရွာလုံးသည် ပန်းတမော့လုပ်ငန်းဖြင့် အသက်မွေးကြသူများဟုပင် ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံအနှံ့အပြားရှိ စကျင်ဗုဒ္ဓရုပ်ပွားတော်အများစုမှာ ထိုစကျင်ရွာမှ ထွက်ရှိသော ကျောက်များဖြင့် ထုလုပ်ထားသော ရုပ်တုတော်များဖြစ်ကြသည်ဟုလည်း မှတ်သားရပါသည်။ မြန်မာ့အနုသုခုမအစွမ်းဖြစ်သော ပန်းတမော့ပညာကို တစ်ရွာလုံးကျွမ်းကျင်နေကြသည့် စကျင်ရွာသည် မတ္တရာမြို့သို့ရောက်လျှင် သွားရောက်လည်ပတ်လေ့လာသင့်သော နေရာတစ်ခုဖြစ်ပါသည်။