ရွှေပုထိုးဘုရား

Listing Description

ရွှေပုထိုးဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ် (၅) ရပ်ကွက်အတွင်းတည်ရှိပြီး မတ္တရာမြို့၏ သမိုင်းဝင်ရွှေလေးဆူဘုရားများထဲတွင် တစ်ဆူအပါအဝင်ဖြစ်ပါသည်။ မတ္တရာမြို့တွင် ရှေးအခါက ရှမ်းမောင်နှမလေးဦးမှ စေတီပုထိုးများတည်ထားခဲ့ကြရာ ယခုရွှေပုထိုးဘုရားကို အကိုအကြီးဆုံးဖြစ်သော စောသီဟမှ တည်ထားခဲ့ပြီး စေတီတည်ထားစဉ်က စောသီဟသည် ရွှေနားကွပ်ထားသည့်ပုဆိုးကို ဌာပနာခဲ့သည်ကိုအစွဲပြု၍ ရွှေပုဆိုးဘုရား ဘွဲ့အမည်တွင်ခဲ့ပြီး ကာလကြာမြင့်လာသည့်အခါ ရွှေပုထိုးဘုရားဟူ၍ ဘွဲ့အမည်ပြောင်းလဲခဲ့သည်ဟု သိရပါသည်။ စေတီတော်ပရိဝုဏ်အတွင်း ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ရပ်တော်မူဗုဒ္ဓရုပ်ပွားတော် တစ်ဆူရှိပြီး စေတီတော်အနောက်ဘက်မုခ် အပြင်ဘက်တွင် ရှေးဟောင်းစေတီငယ်များနှင့် အသစ်ထပ်မံပြုပြင်ထားသော စေတီငယ်များကိုလည်း ဖူးမြော်မြင်တွေ့နိုင်ပါသည်။ ရွှေပုထိုးဘုရား၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ် ကဆုန်လပြည့်နေ့၌ ကျင်းပပါသည်။