မိုးတားသိမ်

Listing Description

ရတနာပုံခေတ်တွင် “ကျောင်းမှာမင်းထင်၊ သိမ်မှာမိုးတား၊ ဘုရားမှာ အာနန္ဒာ”ဟု ဆိုရိုးထားရှိခဲ့သည့် မိုးတားသိမ်သည် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ ၇၈ x ၇၉ လမ်း နှင့် ၄၂ x ၄၃ လမ်းကြား၊ မိုးတားကျောင်းတိုက်ဝင်းအတွင်း အရှေ့တောင်ထောင့်၌ တည်ရှိပါသည်။  မိုးတားကျောင်းတိုက်ကို မင်းတုန်းမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၂၆ ခုနှစ်က ကျီဝန် မိုးတားဝန်ထောက်က ဆောက်လုပ်ကာ သုဇာတာဘိ သီရိဓဇ မဟာဓမ္မရာဇဂုရု ဆရာတော်အား လှူဒါန်းခဲ့သည်။ မိုးတားသိမ်သည် ဘုံခုနစ်ဆင့် အဆောက်အအုံဖြစ်ကာ သိမ်ပြာသာဒ်ကြီးကို အဝေးမှပင် မြင်နိုင်ပါသည်။ မိုးတားအလယ်တိုက်သည် မီးလောင်ကျွမ်း ပျက်စီးခဲ့သော်လည်း မြန်မာမှု ပန်ုးပုလက်ရာများဖြင့် ခံ့ညားထည်ဝါလှသည့် မိုးတားသိမ်ပြာသာဒ်မှာ ယခုတိုင် ကျန်ရှိနေပါသည်။