မဟာ၀ိသုဒ္ဒါရုံတိုက်သစ်

Listing Description

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၆လမ်း၊ ၈၇လမ်းနှင့် ၃၆ လမ်း၊ ၃၇ လမ်းကြားတွင်တည်ရှိသည်။သက္ကရာဇ် ၁၂၆၄ ခုနှစ်တွင် ယောမင်းကြီးစာရေး ဦးလူကလေးနှင့် မောင်နှမတစ်စုတို့က ဥယျာဉ်မြေနေရာအား ဝယ်ယူ၍ အလယ်တိုက်မကြီးကို သက္ကရာဇ် ၁၂၆၇ ခုနှစ်တွင် စတင်ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဧပြီလ ၈ ရက်နေ့တွင် မဟာဝိသုဒ္ဓါရုံတိုက်သစ်ကို အမိန့်ကြော်ငြာစာအမှတ် (၃၀/ ၂၀၂၂) ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရှေးဟောင်း အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့သည်။