မြင်းပြဂူဘုရား

Listing Description

မြင်းပြဂူဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၊ ပုဂံမြို့ဟောင်း၊ အနော်ရထာလမ်းမကြီး၊ မီးငြိမ်းကုန်းဘုရားနှင့် တဝဂူဘုရား အနီးတွင် တည်ရှိပါသည်။ ပစ္စယာ ၃ ဆင့်ပုံ လေးထောင့်ဂူကြီးအပေါ်တွင် စေတီပေါက်ထားပြီး ဂူအတွင်း၌ လိုဏ်ပတ်လမ်းနှစ်ဆင့်ပုံစံရှိသဖြင့် ထူးခြားသည့် ဂူဘုရားတစ်ဆူဖြစ်ပါသည်။ လိုဏ်အတွင်းရှိ မုခ်ကပ်ခံထားသော ဆင်းတုတော်များကို အုတ်ဖြင့် အခြေခံပြုလုပ်ထားပြီး အပေါ်ဆုံးတွင် မြေသားအင်္ဂတေဖြင့် ထုလုပ်‌ပူဇော်ထားရှိပါသည်။ အတွင်းပတ်လမ်းနှင့် လမ်းသွယ်လမ်းမြှောင်များ၊ ဘုရားခန်းများမှာ မှောင်အတိကျနေဘိအလား ရှိသည်။ အထက်လေးမျက်နှာမှ ရောင်လင်းပေါက်များ ပါရှိသော်လည်း အဓိက ရုပ်ပွားဆင်းတုတော်တို့၏ မျက်နှာတော်သို့သာ အလင်းရောင်ရရှိပါသည်။