ရွှေအင်ပင်ကျောင်း

Listing Description

ရွှေအင်ပင်ကျောင်းသည် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဒေးဝန်းအရှေ့ရပ်ကွက် ၃၇ လမ်းနှင့် ၃၈ လမ်းကြား၊ ၈၉ လမ်း အနောက်ဘက်ခြမ်းတွင် တည်ရှိပါသည်။ သီပေါမင်းပါတော်မူပြီး ၁၀ နှစ်အကြာ ၁၈၉၅ ခုနှစ်တွင် တရုတ်လူမျိုးသူဌေး ဦးစက်ရွှင်နှင့်ဇနီးဒေါ်ဘွားတို့က ဆောက်လုပ်လှူဒါန်းခဲ့သဖြင့် ယခုအခါ သက်တမ်း နှစ် ၁၀၀ ကျော်ရှိသော သမိုင်းဝင်ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတစ်ခုအဖြစ် တည်ရှိနေပါသည်။ ကျောင်းကြီးကို တိုင်လုံးပေါင်း ၁၆၇ တိုင်ဖြင့် ဆောက်လုပ်ထားပြီး သရက်ကင်းပုံစံ ထုထည်ကြီးမားသော အုတ်လှေကား ရှစ်စင်းတပ်ဆင်ထားပါသည်။ ကျောင်းတိုက်ဝင်ပေါက်တံခါးများ၏ တစ်ဖက်စီတွင် လောကပါလ နတ်မင်းကြီးလေးပါးပုံများနှင့် စမြင်ပတ်လည် လက်ရမ်းများတွင် ကနုတ်ပန်းများနှင့် ရုပ်လုံးရုပ်ကြွများကို လှပစွာ အသေးစိတ် ထုလုပ်ထားပါသည်။