ရတနာလာဘမုနိ ဆုတောင်းပြည့် ပလိပ်မြွေဘုရား

Listing Description

ရတနာလာဘမုနိ ဆုတောင်းပြည့် ပလိပ်မြွေဘုရား သည် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့တွင် တည်ရှိပါသည်။ အလောင်းစည်သူမင်းကြီးက သက္ကရာဇ် ၄၇၄ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟု ဆိုပါသည်။ စေတီတော်အတွင်းရှိ ရုပ်ပွားတော်မှာထူးခြားပြီး လက်တော် နှစ်ဖက်ကိုဖြန့်လျက် ဝရမုဒြာပုံစံဖြစ်ပြီး ကျောက်ဆင်းတု၊ ကြေးဆင်းတု မဟုတ်ဘဲ ရောစပ်မွမ်းမံတည်ထား သော မံရုပ်ပွားတော်ဖြစ်ပါသည်။ ထိုရုပ်ပွားတော်ကို အကြောင်းပြုကာ ရတနာ လာဘမုနိဆုတောင်းပြည့်ဘုရားဟု ခေါ်ဆိုသမုတ်ခဲ့ကြောင်း သိရပါသည်။ နှစ်ကာလကြာသောအခါ ရှေးဟောင်း စေတီများအား ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းသွားခဲ့သည်။ ၁၃၃၈ ခုနှစ် တပေါင်းလဆန်း ၁ဝ ရက် နံနက် ၇ နာရီ၊ ၁၉၇၇ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် စေတီဟောင်းများအတွင်း ချုံနွယ်များရှင်းလင်းရာမှ ရတနာလာဘမုနိဆုတောင်းပြည့်စေတီတော် အတွင်းရှိ ရုပ်ပွားတော်၏ မဏိတော်၊ လည်ပင်းတော်၊ လက်တော်များ ပေါ်တွင် မြွေကြီးသုံးကောင်ရစ်ပတ်ဦး ခိုက်ခွေကာနေသည်ကို တွေ့ရှိရာမှ ထင်ရှားလာကာ သာသနာပြုမြွေကြီး သုံးကောင်ကိုအကြောင်းပြုပြီး ရတနာလာဘမုနိဆုတောင်းပြည့် မြွေဘုရားဟု နိုင်ငံအနှံ့ထင်ရှားကျော်ကြားလာခဲ့ပါသည်။