ဆည်တော်နံရွှေမုဋ္ဌောဖားလင်ပိုးစေတီ

Listing Description

ဆည်တော်နံရွှေမုဋ္ဌော ဖားလင်ပိုးစေတီသည် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့ မြောက်ဘက် ရန်ကုန် - မန္တလေးကားလမ်း အနောက်ဘက်ဘေးတွင် တည်ရှိပါသည်။ သမိုင်းအရ အနော်ရထာမင်းကြီးမှ ဆည်များတည်ဆောက်နေစဉ် ယခုဖားလင်ပိုးဘုရားတည်နေရာ၌ ယာယီတဲနန်းဖြင့်စံနေစဉ် တစ်ည၌ တဲနန်းအောက်မှ ဖားအော်သံသည်းထန်စွာကြားရသဖြင့် ဟူးရာဖြူ ဟူးရာညိုတို့အား မေးမြန်းရာ ဖားမသည် လင်ဖားသေကောင်ကို ကျောပိုးပြီး အော်သံဖြစ်ကြောင်း၊ မင်းကြီးအတွက် အတိတ်နိမိတ်မကောင်းကြောင်း၊ နေပြည်တော်သို့ပြန်လျှင် သတိဝီရိယထားသင့်ကြောင်း လျှောက်ထားကြရာ မင်းကြီးက တဲနန်းအောက်တူးကြည့်စေလျှင် ပုဏ္ဏားတို့ဟောသည့်အတိုင်း တွေ့ရသဖြင့် ထိုယာယီတဲနန်းနေရာ၌ ကောင်းမှုကုသိုလ်အဖြစ် ဖားလင်ပိုးစေတီတော် တည်ထားခဲ့သည်ဟု သိရပါသည်။