၁၉၄၁ - ခုနှစ်၊ ဧပြီလ(၁၂)ရက်နေ့တွင် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ထန်းတောရွာ၌ အဖ-လယ်သမား ကြီး ဦးချစ်စိန်၊ အမိ-ဒေါ်စောရှင်တို့က ဖွားမြင်သည်။ နာမည်အရင်းမှာ ဦးတင်လှိုင် ဖြစ်သည်။
၁၉၄၆ - (၅)နှစ်သားအရွယ်တွင် ဖခင်ကွယ်လွန်သောအခါ၊ ထန်းတောရွာနှင့် (၂)မိုင်ခန့်သာကွာသည့် ဝန်းသို ရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့။ မိခင်၏ဇာတိရွာဖြစ်သည့် ဝန်းသိုရွာမှာပင် အဘိုးဖြစ်သူ ကျောင်းအုပ်ဆရာကြီး ဦးဖိုးသာနှင့် အဘွား ဒေါ်သောင်တို့က မွေးစား၍ ပညာသင်ပေးခဲ့။ အဖေကြီး(အဖိုး)ဖြစ်သူမှာ မူလတန်းကျောင်းအုပ်ဆရာကြီးဖြစ်၍ အဖေကြီးကျောင်းမှာပင် မူလတန်းပညာသင်ယူခဲ့။
၁၉၅၂ - ဝန်းသိုရွာမှာ အဖိုးကျောင်းမှာပြန်နေပြီး စဥ့်ကိုင်မြို့တွင် စတုတ္ထတန်းအောင်မြင်ခဲ့။
၁၉၅၃ - ၅၇ - စဉ့်ကိုင်မြို့၊ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ယူခဲ့။
၁၉၅၈ - ကျောက်ဆည်မြို့၊ ပြည်လုံးနိုင် အလွတ်ပညာသင် အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာသင်။ ထိုကျောင်းမှ အထက်တန်းကျောင်းထွက်လက်မှတ်ရ စာမေးပွဲအောင်မြင်ခဲ့။
၁၉၅၉-၆၄ - ပြည်လုံးနိုင် ကျောင်းတွင် အလယ်တန်းပြဆရာအဖြစ်ဆောင်ရွက်ခဲ့။
၁၉၆၃ - မြန်မာ့အလင်းသတင်းစာ(သီတင်းကျွတ်လပြည့် အထူးထုတ်)တွင် နောင်တအမည်ရှိ ဝတ္ထုတိုဖော်ပြ ခြင်းခံရ။ (ပထမဆုံး ပုံနှိပ်ခံရသည့် ဝတ္ထုတိုဖြစ်သည်။)
၁၉၆၄ - ဆယ်တန်းစာမေးပွဲကို ပြန်လည်ဖြေဆိုအောင်မြင်။
၁၉၆၅ - မန္တလေးတက္ကသိုလ် ဆက်တက်။
၁၉၆၅ - ၁၉၆၈ - ထိုနှစ်များတွင် တက္ကသိုလ်လူရည်ချွန်ဆုရရှိ(၂-ကြိမ်)။
၁၉၆၈ - မြန်မာစာအဓိကဖြင့်ဘွဲ့ရ။
၁၉၆၉ - ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးရွာ၌ အလယ်တန်းပြဆရာ။
၁၉၇၀ - မလိုင်မြို့နယ်၊ပါတီယူနစ်ကော်မတီ။
၁၉၇၁ - မင်္ဂလာဒုံ၊ ဗဟိုနိုင်ငံရေးတက္ကသိုလ်-လက်ထောက်ကထိက။ ထိုနှစ်မှာပင် အလယ်တန်းပြဆရာမ ဒေါ်မြင့်မြင့်နှင့်လက်ထပ်။ (သား ကိုလင်းသန့်၊ သမီး ယမင်းလှိုင်တို့ ထွန်းကားခဲ့။)
၁၉၇၇ - တစ်လုံးနှစ်လုံး ပုလဲကုံးစာမူဖြင့် စာပေဗိမာန် ဝတ္ထုတိုပေါင်းချုပ်(ဒုတိယ)ဆုရရှိ။
၁၉၇၈ - ပန်းမြိုင်လယ်မှ ဥယျာဉ်မှူးစာမူဖြင့် စာပေဗိမာန် စာပဒေသာ(ပထမ)ဆုရရှိ။
၁၉၈၀ - ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး စာအုပ်ဖြင့် အမျိုးသားစာပေဆု ထပ်မံရရှိ။ (ထိုစာအုပ်ကို ၁၉၈၂၊ ၁၉၈၄၊ ၁၉၈၆၊ ၁၉၈၇၊
၁၉၉၀၊ ၁၉၉၃၊ ၁၉၉၅၊ ၁၉၉၈၊ ၂၀၀၁-တို့တွင် ပြန်လည်ရိုက်နှိပ်ခဲ့။)
၁၉၈၁ - ထိုနှစ်မှစ၍ မင်္ဂလာဒုံမြို့နယ် စာပေအဖွဲ့ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ခဲ့။ စာနယ်ဇင်းများတွင် ဝတ္ထု၊ ဆောင်းပါးများရေးသားရင်း လုံးချင်းဝတ္ထုများလည်း ရေးသားဖြစ်ခဲ့။
၁၉၈၃ - နှစ်ကိုယ်တူသွားရာလမ်းဝယ်လုံးချင်း ဝတ္ထုထွက်။(၁၉၉၄-တွင် ဒုအကြိမ် ပြန်ရိုက်ခဲ့။)
၁၉၈၄ - မုန်းပင်မုန်းလည်း ချစ်ထုံးမပြေ ဝတ္ထုထွက်။ (ထိုဝတ္ထုကို ဗီဒီယိုရိုက်။)
၁၉၈၅ - ပြည်ထဲရေးဝန်ကြီးဌာန၊ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနတွင် ဒု-လ/ထ ညွှန်ကြားရေးမှူး။ ရွှေမြင်းမိုရ် ပြိုမှာစိုးတယ်ဝတ္ထုထွက်။ (ထိုဝတ္ထုကို ဗီဒီယိုရိုက်ခဲ့။) (၁၉၉၅-တွင် ဒု-အကြိမ်ပြန်ရိုက်ခဲ့။) ပန်းလှေကားနဲ့တက်ပါ့ မယ်ဝတ္ထုထွက်။(၁၉၉၄-ဒုအကြိမ်)။
၁၉၈၆ - အကျည်းတန်ပန်း လုံးချင်းဝတ္ထုထွက်။ မငိုတတ်သော မိန်းကလေး(ဝတ္ထုတိုပေါင်းချုပ်)ထွက်။
၁၉၈၇ - ချစ်သူ့မာယာ အလင်္ကာဝတ္ထုထွက်။
၁၉၈၈ - တစ်လုံးနှစ်လုံးပုလဲကုံး(စာပေဗေိမာန် ဒုတိယဆုရ)စာအုပ်ထွက်။
၁၉၈၉ - ပန်းလိုချင် အပင်ကိုပျိုးတတ်မှ စာအုပ်ဖြင့် အမျိုးသားစာပေဆုရရှိ။ (၁၉၉၀၊ ၉၁၊ ၉၄၊ ၉၅၊ ၉၆၊ ၉၇၊ ၉၉၊၂၀၀၁၊ ၂၀၀၂ ပြန်ရိုက်။) နှလုံးသားပဲ့တင်သံ(ဝတ္ထုတိုပေါင်းချုပ်)ထွက်။ ထိုနှစ်မှစ၍ မြန်မာနိုင်ငံ-စာပေ နှင့်စာနယ်ဇင်းအဖွဲ့တွင် ဗဟိုအမှုဆောင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်။
၁၉၉၀ - ကျွန်တော်အမုန်းဆုံးကျွန်တော်ဝတ္ထုထွက်(ဗီဒီယိုရိုက်)(၁၉၉၆၊ ၂၀၀၄-တွင် ပြန်ရိုက်)။
၁၉၉၁ - စာပေခရီးအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စင်္ကကာပူနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ သွားရောက်ခဲ့။ မျက်လုံးမှာအလွမ်း၊ နှုတ်ခမ်းမှာမာနဝတ္ထုထွက်(၁၉၉၆-တွင်ပြန်ရိုက်။ ပန်းတွေမွှေးတဲ့ည-ပျားရည်ဆမ်းတဲ့လ ဝတ္ထုထွက်( ၁၉၉၆-ပြန်ရိုက်)။ ခေါင်းလောင်းသံချိုချို(ဝတ္ထုတိုပေါင်းချုပ်)ထွက်။
၁၉၉၂ - ပြည်ထဲရေးဝန်ကြီးဌာန-အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် လ/ထ ညွှန်ကြားရေးမှူး။ ပန်းပေါက်ပွဲ ဝတ္ထုထွက်။ (ဗီဒီယိုရိုက်)။(၂၀၀၄-ပြန်ရိုက်)။ ပန်းဖြစ်သွားသောငါးဝတ္ထုထွက်(ရုပ်ရှင်ကားကြီးနှင့် ဗီဒီယိုရိုက်) (၂၀၀၃-ပြန်ထွက်)။ မြစ်တစ်စင်းနှင့် နှင်းတစ်စက်(ဝတ္ထုတိုပေါင်းချုပ်)ထွက်။
၁၉၉၃ - လရောင်အောက်မှာ ချစ်တဲ့သူ၊ ပန်းသလားမေပျို(၂၀၀၅-ပြန်ထွက်)၊ ရွှေတံခါးကြီးဖွင့်ပါဦး(၂၀၀၃-ပြန် ထွက်)၊ပတ္တမြားပင်ဆင့်မြပင်မြင့် (၂၀၀၅-ပြန်ထွက်)၊ ချစ်သူ့ရင်ခွင်မှလှိုင်းအိကလေးများ(၂၀၀၃-ဒုအကြိမ်)။ ပျား ရည်မြစ်မှ အချစ်လှေ (ဝတ္ထုတိုပေါင်းချုပ်)၊ မိုးသက်လေ (ဝတ္ထုတိုပေါင်းချုပ်)၊ စကားပုံမှပေးသောအတွေးအမြင်(သုတ-ရသ) (၂၀၀၀-ဒုအကြိမ်) စသော စာအုပ်များထွက်။
၁၉၉၄ - မေတ္တာကွန်သာယာ(ဗီဒီယိုရိုက်)၊ (၂၀၀၃-ဒု)။ ဒုတိယနေရာမှ ပထမလူ(ဗီဒီယိုရိုက်)။ မင်းနေရာမှာငါဆို ရင် (ဗီဒီယိုရိုက်)၊ ရွှေစင်ပန်းခက် စသောဝတ္ထုများထွက်။ ပန်းများပွင့်စေမွှေးစေသူ(သုတ၊ရသ)စာအုပ်ထွက်။
၁၉၉၅ - ဒု-ညွှန်မှူးအဆင့်သို့ တိုးမြှင့်၍ ရန်ကုန်မြို့ အင်းစိန်ခရိုင် အုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်။
၁၉၉၅ - မောင်နွေဦးနှင့်မဖူးဝေ(၂၀၀၃-ဒု)၊ တစ်ခုလပ်ပေမယ့်ကွက်လပ်မရှိ (ဗီဒီယိုရိုက်)(၂၀၀၃-ဒု)၊ မာယာ သည်(၂၀၀၁-ဒု)၊ လေမှာနစ်သောငှက်၊ နှလုံးသားမလှသူမဖတ်ရ(၂၀၀၁-ဒု)(ရုပ်ရှင်၊ ဗီဒီယိုရိုက်)။ ဘဝပုံရိပ်(ဝတ္ထု တိုပေါင်းချုပ်)စာအုပ်များထွက်။
၁၉၉၆ - ကချင်ပြည်နယ်အုပ်ချုပ်ရေးမှူး။ ကာရာအိုကေပျားမလေး၊ ရင်ခွင်ဦး ရင်ခွင်ရိုင်း ရင်ခွင်လှိုင်း၊ ပျားရည်နွံအိုင်လေးထဲမှာ။ လုံးချင်းဝတ္ထုများနှင့် လုပ်ရတော့ညာလက် ရွှေဝတ်ရတော့ဘယ်လက်(ဝတ္ထုတိုပေါင်း ချုပ်)စာအုပ်များထွက်။
၁၉၉၇ - ရွှေကောဇော ရောနှောလို့ထိုင်၊ သက်သေအမှုတည်ပါစေ ဝတ္ထုများနှင့် အချစ်အိမ်လေးတည်ဆောက် မယ် (သုတ၊ရသ)(၁၉၉၈၊ ၁၉၉၉၊ ၂၀၀၂-ဒု)စာအုပ်များထွက်။
၁၉၉၈ - ထိုနှစ်မှစ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးချုပ်တွင် ညွှန်ကြားရေးမှူး။ မနောမြေမှ မလိပန်း၊ လုံးချင်းဝတ္ထုထွက်။
၂၀၀၀ - နွေဦးလေ(ဝတ္ထုတိုပေါင်းချုပ်)ထွက်။
၂၀၀၁ - ဝန်ထမ်းအဖြစ်မှ အငြိမ်းစားယူ၊စာပေများဆက်လက်ရေးသား။ ပန်းနုရောင်မီးတောက်များ၊ လွမ်း စေတီနှင့်စမ်းရေကြည်(ဗီဒီယိုရိုက်)၊ လိမ်ညာဘေးမှဝေးပါစေ(သုတ၊ရသ) စာအုပ်များထွက်။
၂၀၀၂ - မယုံမရဲယုံမှရဲ၊ ချစ်သူနေခြည် စသောဝတ္ထုများနှင့် လူတွေ့စစ်ဆေးခြင်း(သုတ)၊ ဥပဓိရုပ်(သုတ)(ဆရာဝန်တင်ရွှေစာပေဆုရ) (၂၀၀၄ဒု-အကြိမ်)စာအုပ်များထွက်။ စာပေနှင့်စာနယ်ဇင်းဆိုင်ရာ အတတ်ပညာ နည်းပညာနှင့် သုတရသရေးသားမှု အရည်အချင်းမြင့်မားစေရန်နှင့် စာပေမျိုးဆက်သစ်များပေါ်ထွန်းလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး(စာတမ်း)ပြုစုဖတ်ကြား။
၂၀၀၃ - ကျောက်မှော်တောမှ ဒဏ္ဍာရီနှင်းဆီ၊ လောကနတ်၏စည်းခတ်သံ(ဝတ္ထုတိုပေါင်းချုပ်)၊ ကောင်းစွာ ပြောဆိုနိုင်ပါစေ(သုတ)့စာအုပ်များထွက်။ အမျိုးသားရေးအားမာန်ဝတ္ထုများ(စာတမ်း)ပြုစုဖတ်ကြား။
၂၀၀၄ - မနောမြေမနောအလှ(သုတ)၊ ပရိသတ်ရှေ့မှာစကားပြောနည်း(သုတ)၊ မွေးမြေကိုတဲ့ပြန်လေပြီ(သုတ၊ရသ)။ စာအုပ်များထွက်။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးနှင့် မြန်မာ့ရိုးရာအစဉ်အလာ(စာတမ်း)ပြုစု ဖတ်ကြား။
၂၀၀၅ - ရတနာစိမ်း၊ မေတ္တာရှင်နှင့်မာယာသည် ဝတ္ထုများနှင့် မုန်တိုင်းထဲမှမိုးစက်ပွင့်(ဝတ္ထုတိုပေါင်းချုပ်)၊ မိုးစွန်တမွတ် ကြယ်ကိုဆွတ်(လူငယ်ဝတ္ထုတိုများ)၊ လယ်တွင်းသားစောချစ်ဝတ္ထုတိုများ။ စာအုပ်များနှင့် ပန်းရည် ဘဏ်စာစီစာကုံးများ၊ စားဖွယ်ပေါတဲ့တို့တောရွာ(သုတ၊ ရသ)၊ စာပန်းပွင့်ကြွေအလွမ်းပြေ၊ အမေ့ထိုင်ခုံနှင့်ခံစားမှု(သုတ၊ရသ)၊ ဝယ်သူစိတ်ကြိုက် လူ့စိတ်ကြိုက်(သုတ၊ရသ)စာအုပ်များထွက်။ ခေါင်းစီးစာသားနှင့် မူပိုင်ခွင့်(စာတမ်း)ပြုစုဖတ်ကြား။
၂၀၁၃ - စည်သူဘွဲ့ရ။
၂၀၂၀- ဘဝဇာတ်ခုံပေါ်မှာ စာအုပ်ထုတ်ဝေ။
ဆရာလယ်တွင်းသားစောချစ်သည် မိသားစုနှင့်အတူ မင်္ဂလာဒုံမြို့နယ် ၂(ခ)ရပ်ကွက်၊ ခရေပင်လမ်း၊ အိမ်အမှတ်(၅၇-က) တွင် နေထိုင်လျက်ရှိသည်။