ရွှေဇာတိရုပ်စေတီတော်

Listing Description

စဉ့်ကိုင်မြို့နယ် မက္ခရာမြို့ဟောင်း အပြင်ဘက် အနောက်တောင်ထောင့် နှစ်ဖာလုံခန့်အကွာတွင် တည်ရှိပါသည်။ ထုထည်ကြီးမားသော ရှေးဟောင်းစေတီတစ်ဆူဖြစ်ပြီး ပင်းယခေတ်တွင် ဥဇနာမင်း၏ ညီတော် ငါးစီးရှင်ကျော်စွာသည် နောင်တော် တောထွက်သည့်အရပ်ကို လာရောက်ရင်း ဥဇနာမင်း၏ ကောင်းမှုတော် စည်းခုံကြီးစေတီတော်အနီး၌ ရွှေဇာတိရုပ်စေတီတော်ကို တည်ထားကိုးကွယ်ခဲ့သည်ဟုဆိုသည်။ ရွှေဇာတိရုပ်စေတီကို 'ရွှေစာတီစေတီ' ဟုလည်း ဒေသခံများက ခေါ်တွင်ကြပါသည်။