နတ်ကျုံးရေတံခွန်

Listing Description

နတ်ကျုံးရေတံခွန်သည် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ ဒီဇင်ဘာခြံနှင့် ပြင်ဦးလွင်မြို့ပြင်တိုးဂိတ်အနီး၊ ရန်ကုန်ကျောင်း တောရဘုန်းတော်ကြီးကျောင်းပရိဝုဏ်အတွင်း တည်ရှိပါသည်။ အသေးစားရေတံခွန်တစ်ခုဖြစ်ပြီး အေးချမ်းစွာအနားယူအပန်းဖြေလိုသူများ သွားရောက်လည်ပတ်လေ့ရှိသော ရေတံခွန်ဖြစ်ပါသည်။ ရန်ကုန်ကျောင်းဝန်းအတွင်း တည်ရှိသဖြင့် နတ်ကျုံးရေတံခွန်ကို ရန်ကုန်ကျောင်းရေတံခွန်ဟုလည်း ခေါ်တွင်ကြပါသည်။