လေယာဉ်သိုလှောင်ရုံပုံစံဖြင့် ဆောက်လုပ်ထားသော  ခေတ်မီအဆင့်မြင့် “the Hangar”စျေးရုံသစ် ဖွင့်လှစ်

Listing Description


သန်လျင်  ဇန်နဝါရီ    ၂၃
မြန်မာနိုင်ငံ၌ ပထမဦးဆုံး Wet Market (သား၊ ငါး၊ ဟင်းသီးဟင်းရွက်နှင့်  သစ်သီးဝလံများ ပါဝင်သည့် ကုန်စိမ်းစျေးတန်း)နှင့် စားသောက်ဆိုင်တန်းများ ယှဉ်တွဲဆောက်လုပ်ထားသော ခေတ်မီအဆင့်မြင့် “the Hangar” စျေးရုံသစ်ကို သန်လျင်မြို့နယ်ရှိ  Star City အိမ်ရာဝင်းအတွင်း၌ ယနေ့နံနက် ၁၀ နာရီက ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
Wet Market နှင့် စားသောက်ဆိုင်တန်းများ ယှဉ်တွဲဆောက်လုပ်ထားသောအဆိုပါ “the Hangar” စျေးရုံသစ်အား       လေယာဉ်သိုလှောင်ရုံပုံစံဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အခုံးပုံသဏ္ဌာန်အမိုး နှင့် ဆေးသားအဖြူရောင်တို့ဖြင့် အဆောက်အအုံကို ဆောက်လုပ်ထားခြင်းဖြစ်ကာ Star City အိမ်ရာဝင်း အတွင်းရှိ City Loft တိုက်ခန်းများ၏ မျက်နှာစာတန်း၊ ဘတ်စ်ကားဂိတ်အသစ်၏ ဘေးကပ်လျက်တွင် တည်ရှိကြောင်း သိရသည်။ သီလဝါအထူးစီးပွားရေး ဇုန်နှင့် ရန်ကုန်မြို့တို့ကို လွယ်ကူစွာသွားလာနိုင်သော လမ်းကြောင်းပေါ်၌ တည်ရှိပြီး သန့်ရှင်းလတ်ဆတ် သော   ပြည်တွင်းထွက် ကုန်ပစ္စည်းပေါင်းများစွာကို တစ်နေရာတည်း၌   စုံလင်စွာရရှိနိုင်စေရန်   စီစဉ် ဆောင်ရွက်ပေးထားကြောင်း       “the Hangar” စျေးရုံသစ်တာဝန်ခံ ဦးမြင့်လွင်က ပြောသည်။
“the Hangar”စျေးရုံသစ်၏ အကျယ်အဝန်း မှာ စတုရန်းပေ ၉၀၀၀ ကျော်ရှိပြီး စျေးရုံသစ်အတွင်းရှိ Wet Market ဘက်အခြမ်း၌   ဆိုင်ခန်းမျက်နှာစာ နှင့်   ခြောက်ပေ ပတ်လည်ရှိသော စျေးဆိုင်ခန်းပေါင်း ၃၂ ခန်းကို      ထည့်သွင်းဆောက်လုပ်ထားကာ စားသောက်ရုံဘက်အခြမ်း၌ ဆိုင်ခန်းမျက်နှာစာနှင့် 

v လေယာဉ်သိုလှောင်ရုံမှ
အရှည် ၁၀ ပေ ပတ်လည်ရှိသော စားသောက်ဆိုင်ခန်း ပေါင်း ၁၂ ခန်းကို  ထည့်သွင်းဆောက်လုပ်ထား ကြောင်း သိရသည်။  ပြည်တွင်း ပြည်ပစားသုံးသူ ပြည်သူများ ဘေးကင်းလုံခြုံရေးနှင့် သန့်ရှင်းရေးကို အဓိကဦးစားပေးသည့်အနေဖြင့် အရေးပေါ်မီးငြှိမ်းသတ်ရေးစနစ်များ၊ ပုံမှန်သန့်ရှင်းရေးပြုလုပ်ခြင်း နှင့် ထိန်းသိမ်းခြင်းများ၊ အိမ်ရာရှုခင်းအလှဆင်ခြင်း များနှင့် လုံခြုံရေးစနစ်များ ဆောင်ရွက်ထားခြင်းများ အပါအဝင် စျေးဝယ်သူပြည်သူများ အဆင်ပြေကြစေ ရန်အတွက် ယာဉ်ရပ်နားရာ ကားပါကင်ကို ထည့်သွင်း ဆောက်လုပ်ထားရှိကြောင်း သိရသည်။
Wet Market အခြမ်းရှိ    စျေးဆိုင်ခန်းများမှ အဝတ်အထည်များ၊      လူသုံးကုန်ပစ္စည်းများနှင့် ကုန်ခြောက်ပစ္စည်းများအပါအဝင် သန့်ရှင်းလတ်ဆတ် သော သား/ငါးနှင့် ဟင်းသီးဟင်းရွက်များ အရည် အသွေးကောင်းမွန်စေရန်အတွက် “the Hangar” စျေးရုံသစ်၏ တာဝန်ရှိသူများမှ လက်ကားဖြန့်ဖြူးရောင်းချသူများနှင့် တိုက်ရိုက်ချိတ်ဆက်ကာစျေးရုံကြီးတွင်  လာရောက်ရောင်းချစေခြင်းဖြစ်ကြောင်း၊ စားသုံးသူပြည်သူများ   နေရာတစ်နေရာတည်းတွင် လွယ်ကူစွာ      ရရှိသုံးဆောင်နိုင်ကြစေရန်အတွက် ဒေသအစားအစာများအပါအဝင် နိုင်ငံတကာအစား အစာများကို ဆောင်ရွက်ပေးထားပြီး နာမည်ကြီး မြိတ်ကတ်ကြေးကိုက်၊  စီချွမ်ဟင်းလျာများ၊ ထိုင်း၊ အိန္ဒိယ၊ တရုတ်၊ ကိုရီးယားနှင့် ဂျပန်အစားအစာများ ကို စားသောက်ဆိုင်တန်းဘက်တွင် ခင်းကျင်းပြသ ရောင်းချပေးလျက်ရှိကြောင်းလည်း သိရသည်။  

ကိုဗစ်ကာလဖြစ်သောကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ          ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်နှင့်အညီ အစားအစာများ ကို ပါဆယ်စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ရာ Wet Market  (သား၊  ငါး၊  ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများပါဝင်သည့် ကုန်စိမ်းစျေးတန်း) ကို နံနက် ၆ နာရီမှ ညနေ ၆  နာရီအထိလည်းကောင်း၊ စားသောက်ဆိုင်များကို  နံနက် ၆ နာရီမှ ည ၉ နာရီ အထိလည်းကောင်း    နေ့စဉ်ဖွင့်လှစ်ထားမည်ဖြစ် ကြောင်း၊ စျေးရုံကြီးနှင့်ကပ်လျက်တွင် Bus Termi-nal ကိုဆောက်လုပ်ထားရာ ခေတ်မီအဆင့်မြင့် “the Hangar” စျေးရုံသစ်သို့ လာရောက်ကြသော ပြည်သူ များ အဆင်ပြေလွယ်ကူကြစေရေးအတွက် အများသုံး   ဘတ်စ်ကားများကို ရန်ကုန်မြို့တွင်းနှင့်ချိတ်ဆက်၍  ပြေးဆွဲပေးသွားရန်    စီစဉ်လျက်ရှိကြောင်း  “the Hangar”   စျေးရုံသစ်တာဝန်ခံ   ဦးမြင့်လွင်ထံမှ သိရသည်။ 

သတင်း(ပွင့်သစ္စာ)၊ ဓာတ်ပုံ(စိုးမြင့်အောင်)