သန်လျင်မြို့နယ်အထွေထွေရောဂါကုဆေးရုံကြီး(ကုတင် ၂၀၀)

Listing Description

သန်လျင်မြို့နယ် ကုတင် ၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးသည် ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့၊ ကျိုက်ခေါက်ဘုရားလမ်းနှင့် ပြည်တော်သာလမ်းကြားရှိ ဆေးရုံလမ်းတွင် တည်ရှိပါသည်။ သန်လျင်ဆေးရုံသည် ၁၉၀၅ ခုနှစ်ကတည်းက ၂၅ ကုတင်ဆံ့ ဆေးရုံအဖြစ်တည်ရှိနေပြီး ၂၀၁၄ ခုနှစ်တွင် ကုတင် ၂၀၀ ဆံ့ဆေးရုံကြီးအဖြစ် တိုးချဲ့ဖွင့်လှစ်ခဲ့ပါသည်။ သန်လျင်မြို့ရှိ ကုတင် ၂၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသည် သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်နှင့် တံတားမြို့နယ်များမှ ပြည်သူများအားထားရာ ဆေးရုံကြီးဖြစ်ပါသည်။